ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မူးမြို့အတွင်း မေလ(၅)ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းက တပ်သား ကိုသက်အောင်(ခ) ကိုသက်ဟာ ပြဒါးစခန်းကနေ ထွက်ပြေးလွတ်မြောက်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၈) ဆီ လက်နက်ချ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA 11 (၁)လက်၊ ကျည်(၃)ဘောက်နဲ့ ကျည်အတောင့်(၁၀၀) တို့နဲ့အတူ အလင်းဝင်လာတာဖြစ်ပြီး ဆုငွေကျပ် ၁၀ သိန်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ အရင်က (YBS) ကားမောင်းသမားတစ်ယောက် ဖြစ်ပြီး မိမိဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မတရားဖမ်းဆီး စေခိုင်းခံခဲ့ရသူဖြစ်တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရား ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချ အလင်းဝင်ဖို့ ဖိတ်ခေါ်ကြောင်း KNU က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းမှ လက်နက်ချအလင်းဝင်လာသည့် စစ်သား (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပခုက္ကူမှ ထွက်လာသည့်စစ်ကြောင်း ထိခိုက်သေဆုံးများစွာဖြင့် ပေါက်ကို ရောက်ရှိကာ ပျူနှင့် စစ်တပ်အသိုင်းအဝိုင်း ဟန်ပြကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ ထိခိုက်သေဆုံးအများအပြားနဲ့ ပေါက်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ် ပအဖ မှ ဒေသခံတောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးခဲ့…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရဲ့ စိုက်ပျိုးရေး ဦးစီးဌာနက ဒေသခံတောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မိုးစပါး ရာသီမှာ ဒီပဲယင်း မြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာ စိုက်ခင်းတွေမှာ ဖြစ်ပွားတဲ့ ပိုးမွှား ရောဂါပြသနာတွေကို စိုက်ကွင်းထဲအထိ သွားရောက် ဖြေရှင်း ပညာပေးခဲ့တယ်လို့ ဆိုပါတယ်။
Read More

ကျိုက်ထိုမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာပြင်းထန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။