Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ Federal Wings တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ဒရုန်းရန်ကနေ ကာကွယ်နိုင်တဲ့ Jammer တွေ ထုတ်လုပ်ပေးနိုင်ဖို့အတွက် Federal Shield လို့ အမည်ပေးထားတဲ့ ပရောဂျက်ကို လုပ်ဆောင်ခဲ့ရာ မြန်မာငွေကျပ် သိန်း (၁၅၀၀) ခန့် ကုန်ကျခဲ့ပြီး ထိရောက်တဲ့ရလဒ်ပေါင်းများစွာနဲ့ အောင်မြင်ခဲ့သလို အဆိုပါ ပရောဂျက်ကနေ Jammer တွေကို Variant အစုံ စမ်းသပ်ထုတ်လုပ်ခဲ့ပြီးနောက် စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


သိန်း ၁၅၀၀ ခန့်ကုန်ကျခဲ့တဲ့ အဆိုပါပရောဂျက်အတွက် ကုန်ကျငွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို အလှူရှင် ၁ ယောက်တည်းက အကုန်အကျခံ လှူဒါန်းခဲ့ပြီး ကျန်တဲ့ ၂၀% ကို Federal Wings Facebook Page ဆီ တိုက်ရိုက်လှူဒါန်းပေးခဲ့တဲ့ ပြည်သူလူထုရန်ပုံငွေနဲ့ သုံးစွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“Jammer မပါတဲ့ ဒရုန်းတပ်ဖွဲ့ဆိုတာ ကျည်ကာမပါတဲ့စစ်သားလိုပါပဲ။ ရန်သူ့ဆီကို ဗုံးသွားကြဲတဲ့ ကိုယ့်ရဲ့ဒရုန်းကို ရန်သူရဲ့ဒရုန်းက နောက်ယောင်ခံပြန်လိုက်လာပြီး ကိုယ့်ဒရုန်းအဖွဲ့ကို ဗုံးပြန်ကြဲသွားတဲ့ဖြစ်ရပ်တွေ ဒုနဲ့ဒေး ကြုံတွေ့နေကြရတာကြောင့်ဖြစ်ပါတယ်။ ” လို့ ဒရုန်းတပ်ဖွဲ့အတွက် Jammer အရေးပါပုံကို Federal Wings က ဖော်ပြထားပါတယ်။

Federal Wings အနေနဲ့ လက်ရှိမှာ မိတ်ရင်း တော်လှန်ရေးတပ်ဖွဲ့အချို့ရဲ့ အကူအညီနဲ့ Jammer ထုတ်လုပ်ရေးလုပ်ငန်းအချို့ကို ဆောင်ရွက်နေပြီး R&D Project တစ်ခုအတွက် လက်ရှိကောက်ခံနေတဲ့ လိုအပ်ငွေကျပ် သိန်း (၅၀၀) ပြည့်မီဖို့ အားစိုက်ဖြည့်ကူပေးရင်း FW ရဲ့ နည်းပညာနဲ့တော်လှန်ရေးကို ကျေးဇူးပြုပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တံတားဦးမြို့နယ် ပကဖ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃) ရဲ့ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၊ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ဒဏ်ရာရ၊ နေအိမ် (၈) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်တပ်က လူမိုက်ဂိုဏ်းတွေကို အသုံးပြုပြီး စစ်သားသစ် စုဆောင်းမှုများရှိလာ

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အကြမ်းဖက်စစ်တပ်က ကြေးစားလူမိုက်တွေကို အခကြေးငွေပေးပြီး စစ်မှုထမ်းအတွက် လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲမှုတွေ ပြုလုပ်လာနေကြောင်း မြို့ခံတချို့ဆီက သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ အင်းတော်မှာ စစ်အုပ်စု လူသားဒိုင်းလုပ်ထားတဲ့ အရပ်သား ၃၀၀ ခန့် ထွက်ပြေးလွတ်မြောက်လာ၊ အကြမ်းဖက်စစ်တပ်လက်ထဲ အရပ်သား ၅၀၀ နီးပါး ကျန်နေသေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီရဲ့လူသားဒိုင်းလုပ် ဖမ်းဆီးခံထားရတဲ့ အရပ်သား ၃၀၀ နီးပါးထွက်ပြေးလွတ်မြောက်လာပေမယ့် တော်တော်များများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
Read More

အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံး… အဆိပ်ပါတဲ့ လက်နက်ကြီးတွေကိုပါ စစ်တပ်က အသုံးပြုတိုက်ခိုက်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။