ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက် မနက်ပိုင်းက အင်အား ၆၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေ ကြောင်းပစ်ကူကြားထဲကနေ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းရှိ အကြမ်းဖက်စစ်သား အများအပြားသေခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ဆိုင်ကယ် ၆ စီး၊ ကား ၁ စီးနဲ့ အခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) တပ်ခွဲ (၅) ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့နဲ့ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၃) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေ လုံခြုံရေးလိုက်ပါလာတဲ့ ကြေးနီတင်ယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာကနေ မန္တလေးဘက်ကို အကြမ်းဖက်စစ်သား အစောင့်အရှောက်တွေနဲ့ မောင်းနှင်လာတဲ့ ကြေးနီတင်ယာဉ်တွေကို နိုဝင်ဘာ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မအူရွာထိပ်ကနေ အသင့်စောင့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

လောင်းလုံးမြို့ပေါ် လဝကရုံးဂိတ်နှင့် ကင်းပတ်နေတဲ့ စစ်သားများကို တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံးဂိတ်နဲ့ ကင်းပတ်နေတဲ့ စစ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ Federal Polaris Force ထံက သိရပါတယ်။
Read More

စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ ဗိုလ်လင်းယုန်တပ်ဖွဲ့ ထုတ်ပြန်

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများကို လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တောင်ဘက်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။