စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ ၁၂ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းဒဏ်ကြောင့် ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးကျောင်းအတွင်း စာသင်ကြားနေတဲ့ ကလေးငယ်တွေနဲ့ ဆရာမတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောင်းသားကလေးငယ်တွေနဲ့ဆရာမ စုစုပေါင်း ၂၂ယောက်ဟာ ပြင်းထန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အရေးပေါ် ဆေးကုသမှုခံယူနေရသူ အယောက် ၄၀နီးပါးရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အခုလိုမျိုး အပြစ်မဲ့ လူမမယ်ကျောင်းသားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်အပေါ် ကလေးငယ်မိဘတွေနဲ့ထပ်တူ ရင်နင့်ကြေကွဲရကြောင်းနဲ့ အခုလို ရက်ရက်စက်စက် လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာကနေ ထိထိရောက်ရောက်အရေးယူပေးဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။

“မနှစ်ကလည်း ဒီချိန်ပဲ ဒီပဲယင်းကို လေကြောင်းတိုက်တာ။ အခုတော့ သေဆုံးတာ ကလေးနဲ့ ဆရာမ ၂၂ယောက်ပါ။ ” လို့ S&C မီးဘေးစစ်​ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၁၂ရက် ဒီလိုအချိန်ကလည်း စစ်ကောင်စီက ဒီပဲယင်းဒေသကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ အယောက် ၂၀ ကျော်ရှိခဲ့ပါတယ်။

အိုးထိန်းတွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သူများ (ဓာတ်ပုံ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF အမှတ် ၃ စစ်ကြောင်းမှ ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ အမှတ် ၃ စစ်ကြောင်းက ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ကောလင်း သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရမှုကို NUG အနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ CDM အဖွဲ့အစည်းတွေ တောင်းဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

ရေတာရှည်မှာ စစ်ကောင်စီက ကျေးရွာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ယောက် ဒဏ်ရာရ၊ ထန်းတစ်ပင်မှာ စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ (၁)ယောက်ကို အကြောင်းမဲ့ ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။