ယနေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ရသည်။ ပြင်းထန်ဒဏ်ရာရသူ အများအပြားလည်းရှိနေပြီး၊ သေဆုံးသူဦးရေတိုးလာမည်ကို စိုးရိမ်‌နေရသည့်အခြေအနေသို့ ရောက်ရှိနေသည်။

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ မအောင်မြင်နေသော အာဏာသိမ်းမှုနောက်ပိုင်း ရွာလုံးကျွတ် မီးရှို့မှုများသာမက အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကိုပါ ပို၍လက်ရဲဇတ်ရဲ ဆက်တိုက်ကျူးလွန်လာခဲ့သည်။

ယနေ့ဖြစ်ပွားခဲ့သော လူသတ်ဗုံးကြဲမှုသည် မင်းးအောင်လှိုင်စစ်တပ်၏ များပြားလှစွာသော စစ်ရာဇဝတ်မှုများထဲမှ စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်သော၊ ကလေးငယ်များကို သတ်ဖြတ်လိုက်သော၊ လွန်စွာမှပင် ရွံရှာဖွယ်ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

တုန်လှုပ်ခြောက်ခြားဖွယ် လူမဆန် ကြမ်းတမ်းစက်ဆုပ်ဖွယ်ရာကောင်းလှသည့် ဤလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို နိုင်ငံတကာ တရားစီရင်ရေးယန္တရားများထံ ပေးပို့ပြီး၊ ကျူးလွန်သူများအား အပြစ်ပေးနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သလို၊ အဆိုပါကျူးလွန်သူများသည် လက်ရှိတော်လှန်ရေးကာလအတွင်းဖြစ်စေ၊ တော်လှန်ရေးလွန်ကာလတွင်ဖြစ်စေ မည်သည့်နည်းနှင့်မျှ ပြစ်ဒဏ်ကိုရှောင်လွှဲ၍ ရစေမည်မဟုတ်ဘဲ၊ ကြီးလေးသည့် ပြစ်ဒဏ်ကို မဖြစ်မနေ ကျခံစေရမည်သာဖြစ်သည်။

ယခုဖြစ်ရပ်အပါအဝင် စစ်တပ်၏ရည်ရွယ်ချက်ရှိရှိဖြင့် တိုးမြင့်ကျူးလွန်လာသည့် အကြမ်းဖက် စစ်ဆင်ရေးများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လာမည့် ဒီဇင်ဘာလတွင် အတုအယောင် ရွေးကောက်ပွဲတခုကျင်းပကာ ၎င်းအနေဖြင့် အာဏာကို ဆက်လက်ဆုတ်ကိုင်သွားမည်ဆိုသော အမိန့်မှာတမ်းကို စစ်တပ်တခုလုံးက အားသွန်ခွန်စိုက်၊တသွေမသိမ်း အကောင်အထည်ဖော်နေခြင်းသာ ဖြစ်သည်။

အထူးသဖြင့် ၂၀၂၄ ခုနှစ်အကုန်ခန့်မှစ၍ မင်းအောင်လှိုင်စစ်တပ်သည် ပိုမိုပြင်းထန်လာသော စစ်ရေးအခြေအနေအရ လေကြောင်းပစ်ကူ တောင်းခံမှု ကန့်သတ်ချက်တချို့ကို ဖြေလျှော့ခဲ့ပြီး လေကြောင်းပစ်ကူကို တပ်မမှူးနှင့် မြေပြင်တပ်မှူးအဆင့်အထိ တိုက်ရိုက်ရယူနိုင်အောင် လုပ်ဆောင််ခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ ဖော်ပြချက်အရ သိရသည်။

ဆိုလိုသည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ယခင်လိုတိုက်ပွဲကြီးများသာမဟုတ်ပဲ တိုက်ပွဲငယ်များတွင်ပါ ဖောဖောသီသီ သုံးနိုင်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအကူအညီဖြင့် စစ်တပ်သည် မည်သည့် ရက်စက်ယုတ်မာမှုမျိုးကိုမဆို ကျူးလွန်နိုင်ကြောင်း မင်းအောင်လှိုင်က အတိအလင်း မီးစိမ်းပြ ခွင့်ပြုလိုက်ခြင်းပင်ဖြစ်သည်။

ယနေ့ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချခဲ့သည့်လုပ်ရပ်သည် စစ်တပ်အနေနှင့် ၄င်းတို့ အာဏာတည်မြဲရေးအတွက် မည်သည့်လုပ်ရပ်မျိုးကိုမဆို အဆုံးစွန်ထိ ကျူးလွန်မည်ဆိုသည်ကို ပြသခြင်း တနည်း ပြည်သူကို တိုက်ရိုက် ထပ်မံခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။

မြေပြင်တွင် ယှဥ်မတိုက်ရဲတော့သည့်အတွက် (အရပ်သားပြည်သူ နေထိုင်ရာပါမကျန် ရည်ရွယ်ချက်ရှိရှိ) သူရဲဘောကြောင်စွာ ဗုံးကြဲတိုက်ခိုက်တော့သည့် မင်းအောင်လှိုင်စစ်တပ်သည် အချိန်တချို့တွင်သာ အသာစီးရကောင်းရနိုင်မည်ဖြစ်သည်။ သို့သော် .. လူထုထောက်ခံမှု မရှိသည့်၊ လူထုအား စည်းရုံးသိမ်းသွင်းနိုင်ခြင်းမရှိဘဲ ဖိနှိပ်သတ်ဖြတ်ရန်သာသိသော မင်းအောင်လှိုင်စစ်တပ်သည် အဆုံးသတ်တွင် ကျရှုံးမည်သာဖြစ်သည်။

အာဏာတည်မြဲရေးတစ်ခုတည်းတွင်သာ အခြေခံသော စစ်အာဏာရှင်သည် တနေ့ ပြည်သူ၏ရှေ့တွင် ကျရှုံးခြင်းနှင့်သာ အဆုံးသတ်သည်ဆိုသည်ကို သမိုင်းအဆက်ဆက်က သက်သေပြခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှသည် အောက်ခြေစစ်သားများအထိ … အမိန့်ပေးသူ နာခံကျူးလွန်သူ မည်သူမဆို အရပ်သားများအပေါ် ကျူးလွန်သည့် လူမဆန်ပြီး၊ သူရဲဘောကြောင်လွန်းသော ၄င်းတို့၏ရာဇဝတ်မှုများအတွက် ကြီးလေးသည့်ပြစ်ဒဏ်ကို မလွှဲမသွေ ကျခံရမည်သာဖြစ်သည်။

လူထုပါဝင်သော မည်သည့်စစ်ပွဲမဆို ရှုံးနိမ့်ရိုး ထုံးစံမရှိဆိုသည်ကို သက်သေပြရန်အချိန်သည် မရှေးမနှောင်း ရောက်ရှိလာတော့မည်သာဖြစ်သည်။

0 Shares:
You May Also Like
Read More

လက်ရှိရေဘေးက ထပ်မံညွှန်ပြလိုက်သည့် မြန်မာနိုင်ငံအတွက် တစ်ခုတည်းသောအဖြေ

ယခုရက်ပိုင်းအတွင်း ပြည်သူများ ရေဘေးသင့်နေသည့် သတင်းများသည် မြင်ရတွေ့ရ ကြုံရသူများအတွက် စိတ်နှလုံးကို နွမ်းလျစေလွန်းလှသည်။ အတည်မပြုရသေးသော သတင်းများအရ သေဆုံးသူ ရာပေါင်းများစွာရှိပြီး၊ ပျောက်ဆုံးနေသူများလည်း ဒုနဲ့ဒေးပင်။ 
Read More

ယနေ့ကျရောက်သော နှစ်သစ်အခါသမယမှသည် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် [မြန်မာနှစ်ဆန်း ၁ ရက်၊ ၁၃၈၇ ခုနှစ်]

ဒီနှစ် အတာသင်္ကြန်ကာလဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများအတွက် ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 
Read More

မြန်မာစစ်တပ်အတွက် ဖျောက်ဖျက်မရတော့သည့် ရှက်စရာအကောင်းဆုံး နေ့ရက်

တရုတ်၏ မြန်မာ့အရေး ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်မှု ရလဒ်အနေဖြင့် ကိုးကန့် MNDAA တပ်များ ယခုရက်ပိုင်းအတွင်း  လားရှိုးမြို့မှ အပြီးတိုင်ပြန်လည်ထွက်ခွာရတော့မည်ဖြစ်သည်။ မြေပြင်တွင်လည်း ပြီးခဲ့တဲ့ရက်ပိုင်း‌များကစ၍ MNDAA တပ်သားများ ကားကြီးကားငယ်အသွယ်သွယ်နှင့် သိန္ဒီမြို့ဖက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး၊ ဌာနဆိုင်ရာအဆောက်အအုံများတွင် လွှင့်ထူထားသည့် MNDAA အလံများကိုလည်း ပြန်လည်ဖြတ်ချသွားခဲ့ပြီဖြစ်သည်။  
Read More

အမှောင်ဆုံးကာလကို ကျော်လွန်ဖြတ်သန်းနေသည့်အချိန် (အယ်ဒီတာအဖွဲ့)

ယနေ့‌နေ့လယ်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားသော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ နေရာတော်တော်များများတွင် ထိခိုက်သေကြေဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် လွန်စွာမှပင် ဝမ်းနည်ကြေကွဲမိပါသည်။