ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် (နေပြည်တော် ပကဖ) ရဲ့ တိုက်ခိုက်ရေးအဖွဲ့က စစ်ကြောင်းမှူးနဲ့ ရဲဘော် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော် ပကဖ ရဲ့ တိုက်ခိုက်ရေးအဖွဲ့က စစ်ကြောင်းမှူးရဲဘော်ပနားနဲ့ ရဲဘော်မင်းမင်းတို့ဟာ မေလ (၁၁)ရက် မနေ့က မဟာမိတ်အဖွဲ့တွေနဲ့အတူ မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ရင်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် အနေနဲ့ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ရဲဘော် ၂ ယောက်ကို ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်တယ်လို့ အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။
Read More

စစ်အုပ်စု၏ ဒရုန်းဗုံးသီးကြောင့် ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းမှ တပ်စုတပ်ကြပ်ကြီး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ဝကျွန်းပေါ်‌ဒေသမှာ ဧရာဝတီတိုင်း စစ်ဌာန အခြေချနိုင်တာသည် အောင်ပွဲဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား၊ နှစ် ၇၀ ကျော် သက်တမ်းရှိ အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF က ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဧရာဝတီတိုင်းစစ်ဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်ခဲ့တာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံးအတွက် အောင်ပွဲဖြစ်တယ်လို့ မေလ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ဗျူဟာ (၂၉) AYA PDF ရဲ့ သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ကြောင်း တိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။