မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၉ ရက်က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ စတင်တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သားတွေ အထိနာကာ ဆင်ဖြူကျွန်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၁၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စလင်းမြို့ သရက်ချဉ်၊ မိုးဝင်း၊ ပန်းထိန်ကုန်းကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး နေ့လယ်ပိုင်းမှာ နှစ်ဘက်တပ်တွေ အနီးကပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေ အထိနာကာ စလင်းမြို့နယ် ထွေအုပ်ရုံးဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။ 

Video-ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း

0 Shares:
You May Also Like
Read More

PDF ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်တပ်ရိက္ခာယာဉ် ၂ စီး မီးလောင်ပေါက်ကွဲပြီး စစ်သား ၉ ဦး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာသယ်လာတဲ့ စစ်ယာဉ်တွေကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်မှာပါတဲ့ စစ်သား ၉ ယောက်လုံးသေခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

ကမ္မ-ရေပြာလမ်းပိုင်းတွင် ယာဉ်တန်းတိုက်ခိုက်ခံမှုကို ကာကွယ်နိုင်ရန် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ကပစ ၂၄ နဲ့ ဆိပ်ဖြူမြိုနယ်ရှိ ကပစ-၂၁ သို့ သွားမယ့် စစ်ယာဉ် တန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲကာကွယ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်သေ တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAမှ သတင်းထုတ်ပြန်ထားပါ တယ်။
Read More

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။