ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မေလ ၁၁ရက် မနေ့ကညပိုင်းမှာ Freeland Attack Force (FLA) နဲ့ Anonymous Fighters Force (AFF) အဖွဲ့တွေက မဟာမြိုင်ရဲဝန်းထဲကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတန်းလျားရဲ့ ထိပ်ဆုံးအခန်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“အတတ်နိုင်ဆုံးတော့ အဆင်ပြေအောင်စီစဉ်ခဲ့ပါတယ်။ ရန်ကုန်အခြေအနေက လုံခြုံရေးတော့များတာပေါ့။ ဒါပေမယ့် လုပ်နိုင်ခဲ့တယ်။ ရဲဘော်တွေလည်း ဘေးကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။” လို့ Freeland Attack Force (FLA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဗုံးပေါက်ကွဲမှုအသံကို ရပ်ကွက်နေပြည်သူတွေလည်း ကြားခဲ့ရကြောင်း သိရပါတယ်။

လက်ပစ်ဗုံးပစ်ခတ်တိုက်ခိုက်မှုရဲ့ အသေးစိတ် ထိခိုက်မှုအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Freeland Attack Force (FLA) တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဆက်တိုက်တိုက်ခိုက်နေပြီး မေလ ၁၀ရက် ညပိုင်းကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို Yangon Army အဖွဲ့က လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် မေလ ၁၁ရက် မနေ့က ညပိုင်းမှာလည်း မြောက်ဒဂုံမြို့နယ်၊ ၂၉ရပ်ကွက် အားကစားခန်းမမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Freeland Attack Force (FLA) အနေနဲ့ ရန်ကုန်မြို့ပြထဲ အရပ်သားပြည်သူတွေနဲ့အတူ လျှို့ဝှက်စွာ ရှိနေဆဲဖြစ်ပြီး စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်တာမျိုးရှိရင် ခွင့်လွှတ်ပေးကြဖို့လည်း တောင်းဆိုထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင် မြို့နယ် ၄ ခုရှိ ကျေးရွာများကို စစ်အုပ်စု အကြောင်းမဲ့ ဆက်တိုက်ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ်များအပါ ၅ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါ ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

CDF – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်…

ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force - Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။