ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေး ဟိုင်းယုလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စွန့်ခွာထွက်ပြေးသွားတဲ့ တပ်စခန်းကို တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၁ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပြည်သူပိုင်ယာဉ်တွေကို ချောဆွဲပြီး ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းကို ရောက်ရှိနေကြောင်း သတင်းရရှိတဲ့အတွက် တော်လှန်ရေးတပ်တွေ တိုက်ခိုက်ဖို့ သွားရောက်စဉ်  စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် စခန်းကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဟိုင်းယုလမ်းဆုံ တပ်စခန်းဟာ ၂၀၂၃ ခုနှစ် ၁၀ လပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စတင်တပ်စွဲခဲ့တာဖြစ်ပြီး အနီးရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လမ်းသွားပြည်သူတွေကို အဓမ္မငွေကြေးတောင်းခံတာတွေ လုပ်ဆောင်တဲ့အတွက် ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။

Video- သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနှင့် သင်တန်းဆင်းပုံရိပ်များ (ရုပ်/သံ)

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနဲ့ သင်တန်းဆင်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို Earthquake People’s Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ စကား (ရုပ်/ သံ)

ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားခဲ့တာဖြစ်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် ပိုင်ဖြိုးသု၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အကယ်ဒမီပိုင်ဖြိုးသုက မတရား ချုပ်နှောင်ခံထားရခြင်းကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်း စကား ပြောကြားခဲ့ပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပျောက်ကြားတိုက်ခိုက်မှု ၄ ယောက်သေပြီး ၃ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

ကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၉ ရက်က တော်လှန်ရေးရဲဘော်တွေ ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေ ပြီး ၃ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံက သိရပါတယ်။
Read More

ရေစကြိုပကဖနှင့် ABSDF အမှတ် (၃) စစ်ကြောင်းတို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်(၃) စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်းရဲ့ အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲကို အညာဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က သြဂုတ်လ ၁၁ ရက်မှာ ထုတ်ပြန်ထပါတယ်။