ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေ ပေါင်းစည်းကာ ချင်းပြည်နယ်နဲ့ ချင်းတစ်မျိုးသားလုံးကို ကာကွယ်‌ပေးနိုင်ပြီး ပိုမိုကျစ်လျစ်ခိုင်မာတဲ့ (Standard Army) တပ်မတော်ကို တိုးမြှင့် ဖွဲ့စည်းသွားဖို့ သဘောတူညီချက်ချမှတ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်တွေရဲ့ မြေပြင်အစည်းအဝေးကို ဧပြီ ၂၆ ရက်ကနေ ၂၉ ရက်အထိ ချင်းပြည်နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ရာ ချင်းညီနောင်အဖွဲ့ဝင် ကိုယ်စားလှယ် ၃၉ ယောက် တက်ရောက်ခဲ့ပြီး သဘောတူညီချက်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း စတဲ့ ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ချင်းညီနောင်ရဲ့ Terms of Reference ရည်မှန်းချက်အတိုင်း ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ အနာဂါတ်မှာ ချင်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ချင်းပြည်နယ်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်း နဲ့ နိုင်ငံတကာ ဆက်ဆံ‌ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူမှုစီးပွားရေး မူဝါဒတွေ ရေးစွဲနိုင်ဖို့လည်း အခြေခံ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ချင်းညီနောင်က ဆိုပါတယ်။

ချင်းညီနောင်ရဲ့ ထိန်းချုပ်နယ်မြေမှာ ပြည်သူတွေ လုံခြုံမှုရှိအောင် ကာကွယ်သွားမယ့်အပြင် ကျန်းမာရေး၊ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ထိရောက်အောင် ဝန်ဆောင်မှု ပေးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အခြေခံသဘောတူညီချက်တွေ ချမှတ်ခဲ့တယ်လို့ ချင်းညီနောင်က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ၊ နှစ်ဖက်ထိခိုက်မှုများရှိသလို စစ်အုပ်စုက လေကြောင်း အဆက်မပြတ် အသုံးပြုနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်နဲ့ တောင်သာမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်မှာ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။