စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေလ ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ မှန်ချိုကျေးရွာကို အကြမ်းဖက်စစ် တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၂ ယောက်သေဆုံးပြီး ၇ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ချောင်းဦးမြို့ပေါ်ကနေလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အ တွက် အရပ်သားပြည်သူတွေ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Video – MoeGyoe

0 Shares:
You May Also Like
Read More

ငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲ မန္တလေးသံလျှက်မှောက်အနောက်ရပ်ကွက် မီးလောင်ပြာကျခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့ သံလျှက်မှောက်အနာက်ရပ်ကွက်ဟာ ငလျင်လှုပ်ပြီးနောက်ဆက်တွဲ အကျိုးဆက် အဖြစ် မီးလောင်ခဲ့ရာ ရပ်ကွက်တစ်ခုလုံး ပြာကျခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေကာ ၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း သိမ်းဆည်းထားသည့် စစ်ကောင်စီတပ်စခန်းကုန်းတွင် PDF အလံလွှင့်ထူ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးပျူရွာ၊ ဘိုးနတ်တောင်စခန်းကုန်း၊ တောင်လှဗျူဟာစခန်းကုန်းနဲ့ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းတွေကို ဇူလိုင် ၄ ရက်၊ ၅ ရက်နဲ့ ၇ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေလာလေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ မုံရွာခရိုင်အမှတ် (၃)တပ်ရင်းမှ ရဲဘော် ၇ ယောက်အတွက် ပန်းခွေချခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားပြုလုပ် (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၇ ယောက်အတွက် ပန်းခွေချ ခြင်းနဲ့ အလေးပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ မှ ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု ၅ ဘောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်းရေစကြိုမြို့နယ် မြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အင်အား ၁၅ ယောက် ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂၈ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် အပြင်းအ ထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။