စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မေလ ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရေးပေါ်ဆေးကုသမှုခံယူနေသူလည်း အယောက် ၄၀ နီးပါးရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

Video – S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တည်ထောင်ခြင်း ၄ ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်က လွတ်မြောက်ဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ အပတ်စဉ် (၁၁)အတွက် သင်တန်းသားသစ်များ ခေါ်ယူ (ရုပ်/သံ)

Justice Soldier PDF တပ်ဖွဲ့မှ အပတ်စဉ် (၁၁) သင်တန်းစတင်တော့မှာဖြစ်တဲ့အတွက် သင်တန်း သားသစ်များ စိစစ်ခေါ်ယူလျက်ရှိတယ်လို့ Justice Soldier PDF မှထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းက မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို ထပ်မံစစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။
Read More

ကျောက်ဆည်ခရိုင် တပ်ရင်း (၃) မှ ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံထုတ်ပြန်

အမှတ်၅၁၅ တပ်ရင်း ကျောက်ဆည်စစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရဲ့ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်မှုအောက်ရှိ တပ်ရင်းဖြစ်ပြီး စစ်ရေးရည်မှန်းချက်တွေကို အကောင်အ ထည်ဖော်ဆောင်ရွက်နေတဲ့ တပ်ရင်းဖြစ်သလို ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်နေတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

ကချင်၊ စစ်ကိုင်းအစပ် ဆယ်ဇင်းဒေသက ဆိုင်ပန်ကုန်းတပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့  ဆိုင်ပန်ကုန်းတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
Read More

Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုး ပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်ဝယ်ယူပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၃,၄,၅)၊ ဗျူဟာ အမှတ် (၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုးပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်တွေ ရောင်းချနေတယ်လို့ သိရပါတယ်။