အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြအနေနဲ့ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ဒေသတွေမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က မေလ ၁၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က TNLA ရှိရာ နောင်ချိုမြို့နယ် သရက်ချိုရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သလို မနေ့က ညနေ ၅ နာရီဝန်းကျင် အချိန်မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ TNLA တို့ ယာပြင်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မနေ့က ညနေ ၄ နာရီ ဝန်းကျင်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်၊ ဆမ္မဆယ်ရွာနဲ့ အုမ္မတီးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၇လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးနဲ့ ကား ၁ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တဲခေါ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က မနက်ပိုင်းမှာ အုမ္မတီးရွာကို ဒရုန်းအသုံးပြုပြီး ဗုံး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၃ လုံးကြဲချခဲ့သလို နောင်ချိုမြို့နယ် ၇မိုင်နဲ့ မတ်မန်းတောရွာကိုလည်း ဒရုန်းနဲ့ ဗုံး ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မေလ ၁၀ ရက် မနေ့က ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ်ကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ကြိမ် လာရောက်တိုက်ခိုက်သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မေလ ၁ ရက်နေ့မှာ အပစ်ရပ်ကာလ ၁ လ သက်တမ်းတိုးထားသလို စစ်ကောင်စီကလည်း အပစ်ရပ်ကြောင်း ဟန်ပြကြေညာထားပေမယ့် လက်တွေ့မှာတော့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလောတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

ဘုတလင်မှာ စစ်ရှောင်တွေအတွက် ကျောင်းသားလက်ရုံးတပ်တော်က ဆေးဝါးလှူဒါန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးလာမှုတွေကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းကွန်းမှာ စစ်ကောင်စီတပ် ဘန်ကာလုပ် တပ်စွဲခဲ့သည့် မြသိန်းတန်ဘုရားအပါဝင် ဘာသာရေးအဆောက်အအုံများစွာ ငလျင်ကြောင့် ထိခိုက်ပျက်စီး

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တဲ့ မင်းကွန်း မြသိန်းတန်ဘုရားအပါအဝင် မင်းကွန်းဒေသအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ တော်​တော်များများ ပြိုကျပျက်ဆီးခဲ့သလို အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။
Read More

KK Park ရှိ ကျားဖြန့်အဆောက်အအုံများကို စစ်တပ် ဖျက်ဆီးပြခဲ့ပေမယ့် ရွှေကုက္ကိုလ်နယ်မြေရှိ အဆောက်အအုံများကို ချိတ်ပိတ်ရုံသာ ပိတ်သိမ်း

အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲထော်သလေး KK Park အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းနယ်မြေရှိ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပစ်နေပေမယ့် ရွှေကုက္ကိုလ်နယ်မြေအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကိုတော့ မဖျက်ဆီးဘဲ ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 
Read More

သေချင်ချင် မသေချင်ချင် အတင်းသေခိုင်းပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ စစ်ကောင်စီ၊ မောင်တောတိုက်ပွဲမှာ ထွက်ပြေးရင်း မိုင်းနင်းမိကာ သေဆုံးတဲ့ အောင်နေမျိုး သူရဲကောင်း မှတ်တမ်းဝင်ခဲ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။