စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က မေလ ၁၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွာတော်ကုန်းရွာကို စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်က ဂျက်ဖိုက်တာ ၁စီးဟာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးပြီး ၈ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ Wetlet Informational Network ကနေ ဆိုပါတယ်။

ဒီနေ့ မေလ ၁၁ ရက် မနက်ပိုင်း ၇ နာရီခွဲဝန်းကျင် အချိန်မှာလည်း စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းပြည်ရဲ့ စီးပွားရေးဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေတယ်လို့ မင်းအောင်လှိုင်ဝန်ခံပြောဆို

စီးပွားရေးနဲ့ပတ်သက်ရင် နိုင်ငံဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က အရပ်သားပြည်သူများကို မတရားသတ်ဖြတ်၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချနေဟု KNDF ဗျူဟာ ၉ ထုတ်ပြန်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာမှု မလုပ်ရန် အသိပေးတိုက်တွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချသလို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ ၉ က ထုတ်ပြန်ထားပါတယ်။
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တပ်မှူးတပ်သားတွေက စစ်ရှောင်ဆင်ထိန်းတွေနဲ့ ဆင်တွေကို သွားရောက်ကြည့်ရှု… (ဓာတ်ပုံသတင်း)

CDM လုပ်ဆောင်ခဲ့တဲ့ စစ်ဘေးရှောင် ဆင်ဝိုင်းတွေက ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ ဆင်အုပ်၊ ဆင်ထိန်းတွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တပ်မှူးတပ်သားတွေ ဆုံတွေ့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို PLA က ထုတ်ပြန်ထားပါတယ်။