ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးဟာ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ လုပ်ငန်းခွင်ဆီ ဝင်ရောက်တာကို ပိတ်ပင်ခံရတာကြောင့် အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ‌ဖော်ပြပါတယ်။ 

ဘန်ကောက်၊ ဘန်ခယ်ခရိုင်၊ လပ်ဆောင်းခရိုင်ခွဲ၊ ရွမ်ဆိုင်း ၁၂ လမ်းကြားမှာ မေလ ၁၀ ရက်၊ ည ၇ နာရီခန့်မှာ အခုလို ဖြစ်ပွါးခဲ့တာလို့ သိရတာပါ။ 

အခင်းနေရာကို နယ်မြေရဲစခန်း အရာရှိတွေနဲ့အတူ မှုခင်းအရာရှိ၊ မှုခင်းဆေးဆရာဝန်နဲ့ စေတနာ့ဝန်ထမ်းတွေ သွားရောက်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနေရာဟာ လူနေအိမ်ထူထပ်နေပြီး သေဆုံးသူကို ရေပေါ်ထိုင်းအိမ်တလုံးအရှေ့မှာ သွေးအိုင်ထဲလဲလျက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူအမျိုးသားဟာ အဖြူ-အညို ပျောက်ကြားဘောင်းဘီကို ဝတ်ဆင်ထားပြီး .38 ခြောက်လုံးပြူးနဲ့ ခန္ဓာကိုယ်မှာ အပစ်ခံခဲ့ရကြောင်း၊ လည်ပင်းမှာလည်း ကုတ်ခြစ်ရာတွေ တွေ့ရကြောင်း သတင်းမှာ ဖော်ပြပါတယ်။ 

သံသယရှိသူ ကိုစိုင်းဆိုသူဟာ သေဆုံးသူရဲ့မိခင်ကို စောင့်ရှောက်ပေးနေတဲ့ ကိုယ်ဝန်ငါးလရှိ ၎င်းရဲ့ဇနီးဖြစ်သူကို တွေ့ဖို့ အိမ်ထဲဝင်ရောက်လာခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။ 

ကိုစိုင်းဟာ ၎င်းရဲ့ ဇနီးသည်ကို ပိတ်ရက်လာလည်မယ်လို့ ပြောခဲ့ပေမဲ့ ၎င်းရောက်ရှိချိန်မှာ သေဆုံးသူအမျိုးသားက အိမ်ထဲဝင်ခွင့်မပြုခဲ့ဘူးလို့ ဆိုထားပါတယ်။ 

အဲဒီနောက် ကိုစိုင်းဟာ နံရံကိုကျော်တက်ပြီး ရေပေါ် ထိုင်းအိမ်ဆီ ချဉ်းကပ်သွားခဲ့ကြောင်း၊ ကိုစိုင်းကို တွေ့တာနဲ့ သေဆုံးသူအမျိုးသားဟာ .38 ခြောက်လုံးပြူးတလက်ကို ရမ်းပြီး ခြိမ်းခြောက်ခဲ့ကြောင်း၊ အဲဒါကြောင့် (နှစ်ဦးသား) သေနတ်ကိုလုကြကြောင်း၊ အဲဒိနောက် သေနတ်နှစ်ချက် သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ပစ်မိပြီး သေဆုံးသွားခဲ့ကြောင်း KhaoSod သတင်းဌာနက ဖော်ပြပါတယ်။ 

အခင်းဖြစ်ပွားပြီးနောက် အဲဒီမြန်မာအမျိုးသားဟာ ၎င်းအိမ်ပိုင်ရှင်ပိုင်ဆိုင်တဲ့ ဟွန်ဒါ CR-V အမဲတစီးနဲ့အတူ အခင်းနေရာကနေ ထွက်ပြေးသွားခဲ့ပြီး၊ သေဆုံးသူရဲ့ သေနတ်ကိုလည်း ယူဆောင်သွားခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

မူရင်း သတင်း – Myanmar man shoots 70 year old in Bangkok entry dispute

0 Shares:
You May Also Like
Read More

ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲအဖြစ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အဓမ္မပြန်ပို့မှုက လူကုန်ကူးမှုကျူးလွန်ခြင်းဟု Fortify Rights ထုတ်ပြန်

ထိုင်းအာဏာပိုင်တွေက အကြမ်းဖက် မြန်မာစစ်အုပ်စုအရာရှိတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်ပို့မှုဟာ လူကုန်ကူးမှုကျူးလွန်ခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာအရ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအရာရှိနဲ့ အကြမ်းဖက်စစ်အုပ်စုအရာရှိတွေ ပူးပေါင်းပြီး ရနောင်း - ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မလေးရှားကို အလုပ်သွားလုပ်မယ့် တရားမဝင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ၊ မလေးရှားသွားဖို့ ပွဲစားကို တစ်ယောက် ဘတ်တစ်သိန်းကျော် ပေးရကြောင်း ထိုင်းရဲ ဆို

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ ၁၀ ယောက်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြပါတယ်။ 
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။