ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က မေလ ၁၀ ရက် ည ၇ နာရီဝန်းကျင်အချိန်မှာ အဆိုပါ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောက်စီဘက်က ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။

“ထိခိုက်ဖို့ကတော့ ကျိန်းသေတယ်… အထဲကို ကွက်တိကျတာ လမ်းကြုံ အခွင့်အရေးရတုန်း ဝင်ဆော်ခဲ့တာပါ…လက်ပစ်ဗုံး နှစ်လုံးပါတာ တစ်လုံးပဲပစ်ပြီး ပြန်ဆုတ်လာခဲ့တယ်” လို့ Yangon Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း တိုက်ကြီးမြို့နယ်၊ မြို့မရဲစခန်းကို အဝေးထိန်းမိုင်း ၃လုံး အသုံးပြုကာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်မှာ စစ်မှုထမ်း စုဆောင်းခံရသူများအနက် အယောက် ၄၀ ထွက်ပြေး၊ ၁၆ ယောက် ပြန်အဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင် ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စုဆောင်းထားတဲ့ တပ်သားသစ် အယောက် ၄၀ ထွက်ပြေးသွားပြီး စစ်တပ်ထောက်ခံသူရဲ့ သတင်းပေးမှုကြောင့် ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး ကြိုးပမ်းနေကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓမ္မဖမ်းဆီးချုပ်နှောင်လျက်ရှိပြီး  သူတို့လက်အောက်ခံ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
Read More

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

NCA ၁၀ နှစ်ပြည့်ပွဲ တက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့ဟု စစ်တပ်ထုတ်ပြန် 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA) ရဲ့ ၁၀ နှစ်ပြည့်ပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။