အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ်အကုန်မှာ ကျင်းပပေးမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိကာ သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ သူမယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူမက အခုလို ပြောကြားခဲ့တာပါ။

သူမရဲ့PPP ပါတီဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမယ့် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပြီး၊ အဲ့အတွက် ကိုယ်စားလှယ်လောင်း စိစစ်လျာထားရေး ကော်မတီကိုလည်း ဖွဲ့စည်း‌ဆောင်ရွက်နေပြီလို့ သိရပါတယ်။

(ဓာတ်ပုံ စစ်ကောင်စီလော်ဘီမီဒီယာများမှ)

အဆိုပါသတင်းစာရှင်းလင််းပွဲအတွင်း သူမက “နိုင်ငံရေးပါတီက အစိုးရဖြစ်ပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲဟာ မသမာမှုဖြစ်ဖို့ ပိုပြီး အလားအလာ ရှိတာပေါ့ …. တပ်မတော် (စစ်တပ်)က ဦးစီးပြီး လုပ်ပေးတဲ့ ရွေးကောက်ပွဲကတော့ သမာသမတ်ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” လို့ ဒေါက်တာသက်သက်ခိုင်က ခပ်တည်တည်ပြောကြားခဲ့တာပါ။

တိုင်းပြည်အကျယ်အဝန်းရဲ့ သုံးပုံတစ်ပုံခန့်ကိုသာ ထိန်းချုပ်နိုင်တော့တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပမယ်လို့ ပြောကြားထားပေမယ့်၊ လက်ရှိအချိန်ထိ ရွေးကောက်ပွဲ ဥပဒေနဲ့နည်းဥပဒေတွေ ထုတ်ပြန်ထားနိုင်ခြင်းလည်း မရှိသေးပါဘူး။

 

0 Shares:
You May Also Like
Read More

သံဖြူဇရပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ…

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်က ကုန်းမြင့်သာယာ ရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ ၊ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။