စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ PDFစစ်ရုံးချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Cloud Wings ဒရုန်းအဖွဲ့ကလည်း ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်းအချို့ကို ဒီညနေမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

“ပူးပေါင်းတိုက်ပွဲဝင်တဲ့ တပ်ဖွဲ့အားလုံးရဲ့ စုပေါင်းအောင်မြင်မှုပါ၊ ကျွန်တော်တို့ Cloud Wings ဒရုန်းတွေလည်း အတတ်နိုင်ဆုံး ကြိုးစားပျံသန်းခဲ့ပါတယ်၊ ထိခိုက်ကျဆုံးခဲ့ရတဲ့ ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်တစ်ယောက်ချင်းစီတိုင်းကို လေးစားဂုဏ်ပြုပါတယ်” လို့လည်း ၄င်းမှတ်တမ်းမှာ ဖော်ပြပါရှိပါတယ်။

အဆိုပါ ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များက မေလ ၈ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးကာ၊ လက်နက်အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေးဝင်စွက်ဖက်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေ ဆိုးလ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ…

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နှင့်အတူ လူလုပ်ကပ်ဘေး စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရဟု NUG ယာယီသမ္မတ ပြော

မြန်မာပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နဲ့အတူ လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

မတ္တရာက ပြည်သူ့ရဲဘော်တွေကို စစ်သည်တော်ကျင့်ဝတ် လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ရဲဘော်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး လက်ကမ်းစာစောင်တွေ နဲ့ စစ် သည်တော်ကျင့်ဝတ် လက် ကမ်းစာစောင်များကို မနေ့က ပေးဝေခဲ့ တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ NUG က ထုတ်ပြန်ပါတယ်။
Read More

နောင်ချို၊ ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ပျက်စီး

TNLA ကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်တပ်နှင့်ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို များစွာဖိနှိပ်ခဲ့သည့် ရွာငံ ပျူခေါင်းဆောင် ဝင်းမြင့်ကို ပစ်ခတ်ရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ အပေါင်းအပါတွေ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ရွာငံတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်ခြင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။