“China! Get out of Our Country, Burma” မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြခေါင်းစဉ်နဲ့ ဆန္ဒပြပွဲကို Free Burma Action Committee – Northern California က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

မေလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒီဆန္ဒပြပွဲဟာ ၁၅၅ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲလည်း ဖြစ်ပါတယ်။

ပြည်ပရောက်နွေဦးတော်လှန်ရေး အင်အားစုတွေဟာ မြန်မာ့နိုင်ငံရေးမှာ တရုတ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်နေမှုတွေကို ရှုတ်ချကာ သဘောထားထုတ်ပြန်ချက်တွေ ဖတ်ကြားခဲ့ကြသလို တရုတ်အစိုးရရဲ့ ကိုလိုနီနယ်ချဲ့လက်သစ်ဝါဒအပေါ် အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲ တက်ရောက်လာတဲ့ ထောက်ပို့ပြည်သူတွေဟာ ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာပြည်သူတွေကိုယ်စား တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ စဉ်ဆက်မပြတ် ဆန္ဒပြသွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ KK Park စီးနင်းမှု အတုအယောင်သာ ဖြစ်၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် ဒေသတွင်းမတည်ငြိမ်မှု၏ ရေသောက်မြစ် မြန်မာစစ်အုပ်စုကို နိုင်ငံတကာနှင့် အာဆီယံ မဖြစ်မနေ အရေးယူရန် JFM တိုက်တွန်း

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်အနေနဲ့ KK Park ကို ဝင်ရောက်စီးနင်းမှုဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာနဲ့ အာဆီယံက မဖြစ်မနေ အရေးယူဖို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ကို နိုင်ငံတကာက အရေးယူရန် လိုအပ်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားများကို ကာကွယ်ပေးခြင်းဖြစ်ဟု ကိုထိန်လင်း ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လူမဆန်စွာ ဗုံးကြဲကာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုကို နိုင်ငံတကာအနေနဲ့ ချက်ချင်းအရေးယူသင့်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားတွေကို ကာကွယ်ပေးနေခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောဆိုပါတယ်။
Read More

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် NUG ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၃ ရက်အထိ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။
Read More

စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ တောင်းဆိုမှုဟာ မျက်ကွယ်ပြုခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်ရာဇ၀တ်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုနေမှုကို နိုင်ငံတကာက မျက်ကွယ်ပြုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။