တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး တာဝန်ယူစေရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားလိုက်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေတွေအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်လို့ ဗျူဟာမှူး ကိုနွယ်နီက ပြောပါတယ်။

“ကျနော်တို့က စစ်သားတွေ၊ ကျနော်တို့က ကိစ္စမရှိဘူး၊ အစောကြီးကတည်းက သေဖို့ကို ရွေးချယ်ထားပြီးသား၊ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေကြေပျက်စီးအောင် လုပ်ဖို့ ညွှန်ကြားလာတဲ့ အမိန့်တွေ မနာခံဖို့ ဆိုတာလည်း ကျနော်တို့ စစ်သားကောင်းတွေ သိသင့်သိထိုက်တဲ့ အချက်ပဲ၊ ဒါကို စစ်ကောင်စီရဲ့ တပ်သားတွေလည်း သိရမယ်” လို့လည်း TRI ဗျူဟာမှူးက ပြောပါတယ်။
စစ်အာဏာရှင်စနစ် လက်အောက်ခံ တပ်တွေဟာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ ရက်စက်စွာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကို စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားပြီး ဒီလို လူမဆန်တဲ့ ရက်စက်မှုတွေအတွက် တာဝန်ယူစေရမယ်လို့လည်း ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားထားပါတယ်။

“မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ပြီး အခုလို အရပ်သားတွေကို ထိခိုက်သေဆုံးအောင် လုပ်တဲ့ စစ်ကောင်စီတပ်ကို သုတ်သင်မယ်၊ ချေမှုန်းမယ်၊ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို အယောက်ချင်းစီ စစ်ခုံရုံးကို ရောက်အောင် ကြိုးစားသွားမယ်လို့ အသိပေး၊ သတိပေးချင်တယ်။ ပြည်သူတွေကို သိစေချင်တာကတော့ ကျနော်တို့ PDF တွေ ရှိတဲ့နေရာဖြစ်ဖြစ်၊ မရှိတဲ့နေရာဖြစ်ဖြစ် ဟိုးအရင် ပြည်တွင်းစစ်တွေကလိုပဲ အရပ်သားတွေ ရှိတဲ့နေရာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတာကိုပဲ” လို့ TRI ဗျူဟာမှူးက ​ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာအနေနဲ့ အရပ်သား ပြည်သူတွေရဲ့ ဘဝလုံခြုံရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေကို ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ စစ်သုံး ဖိနပ် တပ်ဆင် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေရဲ့ စစ်၀တ်တန်ဆာအခြေခံဖြစ်တဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် တပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူ သင်တောရွာအတွင်း စစ်အုပ်စု တပ်စွဲထားမှုကြောင့် အရပ်သား တစ်သောင်းနီးပါး မိုးထဲရေထဲ စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချတပ်စွဲဲထားမှုကြောင့် တိုက်နယ်၂ ခုက အရပ်သား ၁ သောင်းနီးပါး မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်မရပ်ခင် နောက်ဆုံးလတွင် TNLA ထိန်းချုပ်ဒေသများအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၉ ဦး သေဆုံး၊ ၇၁ ဦး ဒဏ်ရာရကာ နေအိမ် ၁၇၉ လုံး အပါအဝင် များစွာ ပျက်စီးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။