ဟန်ပြ အပစ်ရပ်သက်တမ်း ၁ လ တိုးထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ (၉)ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်က TNLA ရှိရာ နောင်ချိုမြို့နယ်၊ သရက်ချိုရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ် အမတ (၉၀၂) က နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံး(၅)လုံး၊ လက်နက်ကြီးနဲ့ (၁၀)ကြိမ် တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၉) ရက် မနေ့က နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး(၈)လုံး၊ လက်နက်ကြီးနဲ့ (၇)ကြိမ် တိုက်ပွဲဖြစ်ပွားရာ နောင်လင်ကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေလ(၉)ရက် မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ် အမတ (၉၀၂) က ဒရုန်းနဲ့ ဗုံး(၂)လုံး၊ အဆိပ်ငွေ့ဗုံးနဲ့ (၁၁)ကြိမ် ယာပြင်ကျေးရွာကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်က တဲခေါ်ရွာကနေ မနေ့က နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံး(၉)လုံး၊ အဆိပ်ငွေ့ဗုံး (၄)လုံးကို အုမ္မတီးကျေးရွာမှာ လာရောက်ကြဲချခဲ့သလို PSLF/TNLA တည်ရှိရာ တောင်လှကျေးရွာကိုလည်း လက်နက်ကြီးနဲ့ (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာ…

အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာတယ်လို့ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း ပျူစောထီး ဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ ခရိုင်ပကဖတွေ တွေ့ဆုံခဲ့

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်းပကဖဦးဆောင်အဖွဲ့က ပုသိမ်ခရိုင်၊ ​မြောင်းမြခရိုင် ပကဖ၊ မအူပင်ခရိုင် နဲ့ ဟင်္သာတခရိုင်ပကဖ  တာဝန်ရှိသူတွေ၊ ရဲ​ဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။