မန္တလေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာရှိ ကောင်းကင်မေမေ (ကားဝပ်လျှော့) အနီးတစ်နေရာကို တံတားဦးလေဆိပ်တက် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဒီနေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ယောက်ခန့် သေဆုံးပြီး ပြည်သူအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ အနီးတဝိုက်ကိုလည်း တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ ၁ စီးနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးမှု ရှိသလို အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မေလ ၆ ရက်နေ ၃၁ ရက်အထိ ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လက်တွေ့မြေပြင်မှာတော့ နိုင်ငံတစ်ဝန်း ခြေလျင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်း၊ လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အမေရိကန်၊ ဝါရှင်တန်မြို့ တရုတ်သံရုံးရှေ့မှာ မြန်မာအရေး တရုတ်စွက်ဖက်မှု ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်…

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအရှေ့မှာ မြန်မာနိုင်ငံအရေး တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် အနုပညာရှင်အချို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သား ဖြစ်လာသူ (၂) ယောက် K.N.L.A တပ်ရင်း (၉) ဆီ လက်နက်နဲ့အတူ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို ခလရ−၂၈၈ မှာ စစ်မှုမထမ်းမနေရ အမိန့်အရ စစ်မှုထမ်းနေရတဲ့ စစ်သား (၂) ယောက်ဟာ စစ်မှုထမ်းသက် (၁) လခန့်အကြာမှာပဲ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

လှတောကျေးရွာ ဓားပြမှုတွင် ကျူးလွန်သူ ၁၁ဦးကို ဖမ်းမိကြောင်း သက်သေခံပစ္စည်းများနှင့်တကွ ဝက်လက် ပကဖ ထုတ်ပြန်၊ တရားစွဲဆိုအရေးယူနိုင်ရေးကို မြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ) လုပ်ဆောင်မည်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်ဓားပြတိုက်မှု ကျူးလွန်ခဲ့သူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီဖြစ်တာကြောင့် တရားစွဲဆိုနိုင်ရေးအတွက် မြို့နယ်ပလဖထံ လွှဲပြောင်းအပ်နှံထားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ လက်နက်တွေတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းအပါအ၀င် လမ်းကင်းယူပေးတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ပါတယ်။