စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။

မေလ ၁၀ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ချောင်းဦးမြို့နယ်၊ အနိမ့်ကျေးရွာကို မုံရွာနမခတက် Paramotor စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်၁၂နှစ်အရွယ် ကလေးငယ်၁ယောက်နဲ့ အသက် ၃၀အရွယ် အမျိုးသား၂ယောက် သေဆုံးခဲ့ပြီး အသက်၅နှစ်အရွယ်ကလေး၁ယောက်အပါအ၀င် ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူ ၃ယောက်ထဲမှာ ရှင်ပြုအလှူပြုလုပ်မယ့် အလှူ့ဒါယိကာနဲ့ မောင်ရှင်လောင်းသားအဖပါဝင်ပြီး အလှူ့ဒါယိကာမနဲ့ နားထွင်းသမီးငယ်တို့လည်း ထိခိုက်ဒဏ်ရာ ကိုယ်စီရရှိခဲ့တယ်လို့ Chaung U Revolution က ထုတ်ပြန်ပါတယ်။

ရှင်ပြုနားသအလှူကို ဘုန်းကြီးကျောင်းမှာ မကျင်းပခင်တစ်ရက်အလို အလှူအဝင်နေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီက အခုလို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အလှူရှင်မိသားစုထိခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ – စစ်ကောင်စီ၏ စက်တပ်လေထီးဖြင့် ဗုံးသီးကြဲချခံရသည့် နေအိမ်မြင်ကွင်း
ဓာတ်ပုံ – Chaung U Revolution News
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ချောက်တွင် စစ်အုပ်စုနှင့် PDF ၄ ရက်ဆက် ထိတွေ့မှု့ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ Interra Resources ကို အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို သပိတ်အဖွဲ့တွေက တောင်းဆို

မြန်မာစစ်အုပ်စုကို လောင်စာဆီတွေထောက်ပံ့နေတဲ့ Interra Resources ကို အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ပေးဖို့ စင်ကာပူအစိုးရနဲ့ စတော့အိတ်ချန်းကို မကွေးတိုင်းအခြေစိုက် လူထုသပိတ်ကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။