မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ အဖွဲ့အစည်းတွေက တရုတ် ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု အစွမ်းကုန် ကာကွယ်ပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အကြမ်းဖက်မင်းအောင်လှိုင်ကို တိုက်တွန်းထားပြီး မင်းအောင်လှိုင်ကလည်း အစွမ်းကုန် အာမခံပေးသွားမယ်လို့ ပြောကြားကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက မေလ ၉ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့က နှစ် ၈၀ ပြည့် ရင်ပြင်နီ စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့စဥ် မေလ ၉ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို လက်တွေ့ကျကျ ကာကွယ်ဖို့ ပြောဆိုခဲ့ရာ မင်းအောင်လှိုင်ကလည်း အစွမ်းကုန်အာမခံပေးသွားမယ်လို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မင်းအောင်လှိုင်က သမ္မတရှီကျင့်ဖျင်ရဲ့ ဉာဏ်ပညာကြီးတဲ့ ဦးဆောင်မှုအောက် တရုတ်ခေတ်မီအသွင်ပြောင်းရေးဟာ သာလွန်ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့သလို မြန်မာက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို များစွာအလေးထားပြီး တရုတ်ရဲ့ ယုံကြည်စိတ်ချရတဲ့ ချစ်ကြည်ရင်းနှီးထိုက်တဲ့ အိမ်နီးချင်းအဖြစ် ထာဝရလုပ်ဆောင်သွားလိုကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – China Xinhua News

မြန်မာ့နိုင်ငံရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သတိကြီးကြီးလုပ်ဆောင်ဖို့၊ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တွေကို သတိရှိရှိ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာတွေကို တရုတ်နိုင်ငံက ထောက်ခံအားပေးနေတယ်လို့ တရုတ်သမ္မတက မင်းအောင်လှိုင်ကို ပြောကြားကြောင်း ဆင်ဟွာက ဆိုပါတယ်။

ဒါ့အပြင် တရုတ်သမ္မတက အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုစတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုလည်း တိုးမြှင့်တိုက်ဖျက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်က မြန်မာဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်း​ရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီပေးသွားမှာဖြစ်ပြီး စစ်ကောင်စီက လုပ်ဆောင်မယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံမှုဟာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဒေါ်နယ်ထရမ့် ဂျပန်ရောက်ချိန် မြန်မာ့အရေး ကူညီပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်ကာလမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒတဲ့ လှုပ်ရှားမှုကို ဂျပန်ရောက်မြန်မာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်နဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာပြည်က စတားလင့် ၂၅၀၀ ကျော် SpaceX ဖြတ်တောက်

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။