ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ဟာ အရပ်သားနေအိမ်တွေကို ၄ ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Battalion 1006 Pekhon People’s Defence Force မှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၆ ရက်က အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းဟာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာအတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ရာ မဟာမိတ်တော်လှန်‌ရေးတပ်ပေါင်းစုများနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေး အခြေအနေ တင်းမာခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၉ ရက် နံနက်ပိုင်းကစတင်ပြီး အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေဟာ စန့်စွဲကျေးရွာရှိ စတင်မီးရှို့ခဲ့ရာ ၄ ရက်ဆက်မီးရှို့ခဲ့ပြီး အိမ်ခြေ ၂၀ ခန့် ဖျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေး ဒရုန်း ၂ စင်းကို ပစ်ချနိုင်ခဲ့ပြီး ဖယ်ခုံ(၁၀၀၆တပ်ရင်း)မှ ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ် (ရုပ်/သံ)

ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာ့တပ်တော် (B.A) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော် - Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကူညီကယ်ထုတ်ခဲ့သည့် မှတ်တမ်းရုပ်သံ ပကဖအသံ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖအသံက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၂၅ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ၁ ရက်တည်း စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ မြောင်-မြင်းမ-ချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ ထံက သိရပါတယ်။