မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။

မေလ ၇ ရက်မှာ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ထွက်ပြေးလာပြီး အလင်းဝင်လာတဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးအဖွဲ့ – ပကဖ ကတစ်ဆင့် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်ခဲ့သူတွေကတော့ အသက် ၃၀ ကျော်အရွယ် ပျူစောထီး ၂ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် ပျူစောထီး ၁ ယောက်ဖြစ်ပြီး ကလေး ၃ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူတွေရဲ့ ထွက်ဆိုချက်အရ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ ကျေးရွာနေမိန်းမပျိုတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်အနိုင်ကျင့်ကာ သားမယားပြုကျင့်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များရဲ့အဆိုအရ အဆိုပါကန်နီပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသလို၊ ရွာတွင်းရှိ ပျူစောထီးတွေရဲ့ အဓမ္မညှင်းပန်းနှိပ်စက်တာတွေကြောင့် ရွာသူရွာသားများ မကြာခဏ ထွက်ပြေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

မြိုင်တွင် စစ်အုပ်စုကင်းပုန်းနှင့် ပကဖ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်မှု ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာ ရှာထွက်တဲ့ စစ်အုပ်စုကင်းပုန်းနဲ့ အနီးကပ်ပစ်ခတ်မှုဖြစ်ပွားရာက လက်နက်တက်သိမ်းသည့် ပကဖတပ်ဖွဲ့ဝင် (၃) ယောက်ကျဆုံးပြီး (၁) ယောက်အရှင် ဖမ်းဆီခံခဲ့ရတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အမေရိကန်ရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးများ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာ၊ ယူနီယံစီးတီး၊ မြန်မာကွန်မြူနီတီစင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးတွေနဲ့ မေလ ၃၁ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်က မင်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရပ်ကွက်ထဲ ဗိုလ်ကျသည့် တောင်ဒဂုံက အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ၊ သေဆုံးမှုများ ရှိနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရပ်ကွက်နေပြည်သူတွေအပေါ် အမြဲအနိုင်ကျင့်နေတဲ့ (၁၄၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွက် ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများစွာကို သေစေခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။