ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နဂါးနီစစ်ကြောင်း P-29903 က စစ်ရေးအခြေအနေအရ မထုတ်ပြန်ထားခဲ့တဲ့ ကျဆုံး ရဲဘော် ၅ ယောက်ကို မနေ့က ညပိုင်းမှာတော့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။

နဂါးနီစစ်ကြောင်းက ကျဆုံးရဲဘော်တွေကတော့ တပ်ခွဲ ၁ ဒုတပ်ခွဲမှူး လင်းနိုင်ဌေး ( CDM တပ်ကြပ်ကြီး (စာရေး) )၊ တပ်ခွဲ ၂ က အရာခံဗိုလ် ရန်နိုင်လေး (ခ) ကြက်ဖ ၊ တပ်ခွဲ ၁ က ရဲဘော် လွန်းကြီး၊ တပ်ခွဲ ၂ က ရဲဘော် စိုင်းကိုနဲ့ တပ်ခွဲ ၁ တပ်စုမှူး သူရနောင် (ခ) အရိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

နဂါးနီစစ်ကြောင်း တပ်ခွဲ ၁ က တပ်စုမှူး သူရနောင် (ခ) အရိုးဟာ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့ ရဲဘော် ၄ ယောက်ကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် တာဝန်ထမ်းနေတဲ့ ပျူစောထီးကို နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF - ၃၆၀၁ တပ်ရင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) ရဲ့ အခြေခံပညာစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် Mobye Local PDF ရဲဘော် ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးကုသစဥ် ၁ ဦး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Mobye Local PDF က ရဲဘော် ၂ ယောက် အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ၁ ယောက် ကျဆုံးသွားတယ်လို့ Mobye Local PDF က ထုတ်ပြန်ထားပါတယ်။