စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၈ ရက်က ငွေတွင်းစခန်းကနေ အရာတော်မြို့သို့ ရိက္ခာသယ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ နာရီကြာ ဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၆ ယောက် ဒဏ်ရာရရှိသွားကာ ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အရာတော်လေ့ကျင့်ရေး ၁၀ ကနေ အင်အားအများအပြားနဲ့ တပ်ကူရောက်ရှိလာတဲ့အ တွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၁) တပ်ရင်းနဲ့ တိုက်နယ် (၉၊၁၀၊၁၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ ပျူစောထီး ၂ ဦး​ သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေ ရဲစခန်းကို ကိုယ်တိုင်ထုတ်ဗုံးသီး ကြဲချတိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးနယ်မြေရဲစခန်းကို ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဗုံးသီးကို အသုံးပြုပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေကာ ၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ကို ရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ MNDAA ထုတ်ပြန် (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက လားရှိုးဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး လားရှိုးမြို့ကို ရေပေးဝေနိုင်ရေးအတွက် အဓိကလုပ်ဆောင်နေကြောင်း ခေါ်ယူရှင်းလင်းအသိပေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ထုတ်ပြန်လာပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းပေါ်က အကြမ်းဖက် စစ်တပ်၏ ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေး ကားလမ်းပေါ်က ကံတလူ တိုးဂိတ်အား တော်လှန် ရေးတပ်တွေက ညအချိန် ဝင်ရောက်စီးနင်းပြီး စစ်ကော်မရှင် တပ်သားတွေ တပ်စွဲထားတဲ့ နေရာကို ရှင်းလင်းခဲ့တယ်လို့ Sagaing PDF က ထုတ်ပြန်ထားပါတယ်။