အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၂ တပ်ရင်း (ဖယ်ခုံ PDF) က တပ်ရင်းတည်ထောင်တာ ၄ နှစ်ပြည့်ချိန်တွင် ရဲဘော် ၁၆ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

တော်လှန်ရေး (၄) နှစ်တာကာလအတွင်း ဖယ်ခုံ PDF က ရဲဘော် (၁၆) ယောက် တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးခဲ့ရပြီး (၁၇) ယောက် ကိုယ်လက်အင်္ဂါစွန့်လွှတ် ပေးဆပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မေလ ၇ ရ​က်မှာ ဖယ်ခုံ PDF – 1002 တပ်ရင်းအနေနဲ့ တပ်ရင်း တည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ရာ ရှမ်းတောင်၊ ဗျူဟာ (၁) ရဲ့ ဗျူဟာမှူး ဗိုလ်နေကောင်းက တက်ရောက်အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံ PDF မှ ကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်ပြီး​ တိုက်ခိုက်ချေမှုန်း သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူထောက်ခံမှု အားကောင်းတဲ့ နိုင်ငံရေးပါတီတွေကို ယှဉ်ပြိုင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွှဲပေးမယ်လို့ မင်းအောင်လှိုင် ပြော

ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပေးထားတဲ့ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးခေါင်းဆောင်ကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဗောဓိကုန်းရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကနီမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်း၏ တည်ထောင်ခြင်း ‌(၄) နှစ်ပြည့်၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။