ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကာဒီနယ် ချားစ်မောင်ဘိုအပါအဝင် ကမ္ဘာတစ်လွှားရှိ ကာဒီနယ်ဘုန်းတော်ကြီး ၁၃၃ ဦးက ဗာတီကန်မြို့ ဆင်းစတင်းဘုရားကျောင်းအတွင်း လျှို့ဝှက်မဲစနစ်နဲ့ ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ဟာ မြောက်အမေရိကတိုက်ကနေ ပထမဆုံးဖြစ်လာတဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်ပြီး ၁၄ ယောက်မြောက် လီယို (LEO XIV) ဆိုတဲ့ နာမည်ကို ခံယူမယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးဟောင်း ပုပ်ဖရန်စစ်က ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ကာဒီနယ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ခန့်အပ်ခဲ့တာဖြစ်ပြီး ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ဟာ ပီရူးနိုင်ငံသား ခံယူထားသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။
Read More

ထိုင်းနိုင်ငံမှာ စက်ရုံမှ လုပ်ခလစာ မရသည့် မြန်မာလုပ်သား ၁၅ ယောက်ကို လုပ်ခလစာ ရရှိအောင် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့..

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်ရှိ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ခလစာ မရရှိတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်ကို လုပ်ခလစာရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ တိုင်ကြားရေးယန္တရားက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်က နိုင်ငံတကာတွင် ကန့်သတ်ထားသော ကလပ်စတာဗုံးများကို အသုံးပြုတိုက်ခိုက်နေ… အဆိုပါဗုံးများကို ကပစ-၂၁ တွင် တရုတ်နည်းပညာအကူအညီနှင့် တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံး အမျိုးအစားတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြို့ပေါ်မှာ ရည်စားနဲ့ သွားတွေ့ရင်း လုပ်သက် ၂၅ နှစ်ရှိ ဒုတပ်ကြပ် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကမ္မဒေသရှိ ကျေးရွာများကို စစ်ကောင်စီ ၅ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ ဗုံးသီး ၁၀၀ နီးပါး အသုံးပြုခဲ့ပြီး နေအိမ်များပျက်စီးကာ စစ်ရှောင်များ ထိခိုက်သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မဒေသကျေးရွာတွေကိုလေကြောင်းကတဆင့် ၅ရက်ဆက် ဗုံးသီး ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး စစ်ရှောင်အရပ်သား ၁ယောက် သေဆုံးခဲ့ရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။