မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ၂ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၄ ရက်က စလင်းမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ ရောက်ရှိလာပြီး ဆင်ဖြူကျွန်းမြို့ ငန် တမန်ဘက်ကနေ ချောင်းဖြူရွာထက် လေဦးဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ အထိနာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၅ ရက်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အင်အားဖြည့်တင်းပြီး နေပူတန်ရွာနဲ့ ကုက္ကုတန်းရွာဘက်မှာ ထပ်မံတိုက်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် နယ်မြေအခြေအနေ အရ အရေအတွက်ကို အတည်မပြုနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

Video-ဒေါင်းစစ်အောင်

0 Shares:
You May Also Like
Read More

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၈ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ‌ မောင်းနှင်နေတဲ့ စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းရုံး သတင်းနှင့် ပြန်ကြားရေးက ယမန်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက် ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Justice Brothers Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဂူနီဘုရားတွင် အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများထံ ရိက္ခာလာပို့သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန် (ရုပ်/သံ)

လက်ဗလာနဲ့စခဲ့တဲ့တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်ရှေ့ပြေးကာကင်းအဖွဲ့အား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ၂ ပွင့် ဗိုလ်ကြီးအပါ ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ဘက်နေ သိန်ခွန်းရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းရဲ့ ရှေ့ပြေးကာကင်း ခြေလျင်အဖွဲ့ကို မတ်လ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖထံက သိရပါတယ်။
Read More

ဆက်ကြေးတောင်းနေသည့် ရေဦးဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင် ရေဦးဂိတ်မှာ ဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army -TPA က ထုတ်ပြန်ထားပါတယ်။