မြန်မာနယ်စပ်တလျှောက် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ထိုင်းအစိုးရရဲ့ မကြာသေးမီက အစီအမံတွေဟာ ထိရောက်မှုရှိတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။

သုံးလကြာ အင်တာနက် လျှပ်စစ်မီးနဲ့ လောင်စာ ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် မယ်ဆိုင်တဖက်ကမ်း တာချီလိတ်နယ်စပ်နဲ့ မဲဆောက်တဖက်ကမ်း မြဝတီနယ်စပ်တို့မှာ ကျားဖြန့်လုပ်ငန်းတွေ သိသိသာသာ လျော့နည်းသွားပြီး ဂိုဏ်းတော်တော်များများကိုလည်း နေရာပြောင်းသွားစေတယ်လို့ ၎င်းက ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ ကြိုးပမ်းမှုတွေက မြန်မာအာဏာပိုင်တွေကို ဖြိုခွင်းမှုကို အရှိန်မြှင်ဖို့ လှုံ့ဆော်ပေးခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပူးပေါင်းပြီး ကျားဖြန့်ဂိုဏ်းတွေဆီက နိုင်ငံခြားအလုပ်သမားတွေကို နေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း ထိုင်းသတင်း The Nation က ဖော်ပြပါတယ်။

(ဓာတ်ပုံ The Nation)

ဖြိုခွင်းမှုအတွင်း တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့နိုင်ပေမဲ့ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံသားတွေကတော့ ထိုင်းမှာ သောင်တင်နေဆဲဖြစ်ပြီး နေရပ်ပြန်ပို့ရေး ၎င်းတို့မိခင်နိုင်ငံတွေနဲ့ ဆက်သွယ်မရသေးဘူးလို့ Phumtham က ဆိုပါတယ်။

ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင်တွေလို့ သတ်မှတ်ခံထားရသူတွေကို တချို့ ပုဂ္ဂလိကဖောင်ဒေးရှင်းတွေက အမိုးအကာနဲ့ အထောက်အပံ့တွေ ကူညီပေးထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး ထိုင်းအစိုးရရဲ့ ဖြတ်တောက်မှုအစီအမံ ၄ လပြည့်ချိန်မှာတော့ လက်ရှိအစီအစဥ်ကို ပြုပြင်ပြောင်းလဲမှု လုပ်ရမလား၊ တိုးချဲ့ပိတ်ဆို့မှုတွေ လုပ်ဆောင်ရမလားဆိုတာကို ပြန်လည်အကဲဖြတ်သွားမယ်လို့လည်း ၎င်းက ပြောဆိုထားပါတယ်။

မူရင်းသတင်း – Phumtham says cutting electricity, Internet, and oil to online scammers proves effective

0 Shares:
You May Also Like
Read More

မြန်မာလူငယ် ၂၀၀ ခန့်ကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံပြီး NUG အစိုးရနှင့် ဆက်ဆံရေးကောင်းရှိသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အီဂျဲမြောင် တောင်ကိုရီးယားနိုင်ငံ သမ္မတ ဖြစ်လာ

မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကစလို့ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်အားပေးထောက်ခံခဲ့တဲ့ အီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး သမ္မတဖြစ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။
Read More

ကိုရီးယားလွှတ်တော်မှာ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာကိစ္စ လွှတ်တော်မှာ ဆွေးနွေးမယ်

တောင်ကိုရီးယားနိုင်ငံ၊ လွှတ်တော်အစည်းအဝေးခန်းမမှာ "ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက် " ခေါင်းစဉ်နဲ့ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။