စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။

မေလ ၅ ရက်က မြောင်မြို့နယ် မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ဟာ ပြည်သူများထံ ပိုက်ဆံတောင်းနေချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါဝင် ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက်လက်မောင်းကျည်ထိမှန်ဒဏ်ရာရရှိသွားပြီး MA-3 သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို CDSOM( ဗိုလ်စင်္ကြာ)စစ်ကြောင်း၊ MRF စားဖို (စစ်ကြောင်း)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ နယ်မြေခံ (ပကဖ)နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

Video-Hein Min Tun

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် နမခမှ ထွက်လာတဲ့ ယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၁၅သေပြီး ၇ ယောက်အရှင်ဖမ်းမိကာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ Jammer ယာဉ် ၃ စီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင်ယာဉ် ၇ စီးကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တော်လှန်ရေးပူး ပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းထုတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Force for Federal Democracy ရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ အခြေခံစစ်သင်တန်း တက်ရောက်ခဲ့ကြ တဲ့ ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေကို Force for Federal Democracy - FFD မှ ထုတ်ပြန် လိုက်ပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနိုင်ဖို့ အကယ်ဒမီပိုင်ဖြိုးသုရဲ့ ‘အကယ်ဒမီရုပ်ကမ်ပိန်း’ပြုလုပ် (ရုပ်/သံ)

မဲပေါက်တဲ့ သူတွေကို ပေးအပ်မယ့် အကယ်ဒမီရုပ်ဟာ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ သရုပ်​ဆောင် ပိုင်ဖြိုးသုရရှိခဲ့တဲ့ အကယ်ဒမီရုပ်ဖြစ်ပါတယ်။
Read More

နေပြည်တော် ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေဆုံး (ရုပ်/သံ)

နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။