စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၅ ရက်က မြောင်မြို့ပေါ် လမ်းပိုင်းတစ်နေရာမှာ မြောင်မြို့ပေါ်ရှိ ရဲစခန်းက အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် ပစ်ခတ်မှု အချိန် ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် နေရာမှာပဲ လဲကျသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၃ ယောက်ထဲမှာ ဗိုလ်အဆင့်ရှိသူဟာ ရဲစခန်းနားမရောက်ခင် ထပ်မံသေဆုံးသွားတယ်လို့ CDSOM(ဗိုလ်စင်္ကြာ)စစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း လက်မောင်းကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA 11 သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို CDSOM( ဗိုလ်စင်္ကြာ)စစ်ကြောင်း)၊ MRF စားဖို (စစ်ကြောင်း) ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ နယ်မြေခံ (ပကဖ)၊ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မြင်တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်များ (ဓာတ်ပုံ CDSOM)

0 Shares:
You May Also Like
Read More

အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ ယောက်ကို CDF -Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force - Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီအတွက် တာဝန်ထမ်းနေတဲ့ ပျူစောထီးကို နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF - ၃၆၀၁ တပ်ရင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။