မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၂ ရက်ကစပြီး ပခုက္ကူမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ မြိုင်မြို့နယ် အရှေ့တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း၊ ပခုက္ကူ-မြိုင်ကားလမ်းဘေးကကျေးရွာတွေကို Y12 ထောက်ပို့၊ ဂျက်ဖိုက်တာ၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေခဲ့တာဖြစ်ပြီး ကျေးရွာပေါင်း ၂၀ ရွာထက်မနည်းရှိ အရပ်သား ထောင်နဲ့ချီဘေးလွတ်ရာ တိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၅ ရက်ညပိုင်းကလည်း မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဇောင်းချမ်းကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးခဲ့ရတယ်လို့ မြိုင်မြို့နယ်အ​ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် တစ်နေရာ (ဓာတ်ပုံ We Love Myaing)

” ကျဆုံးသွားတဲ့ ရဲဘော် ၇ ယောက်ရဲ့နာရေးကို ဒိနေ့ ( မေလ ၉ ရက်) ပဲ လုပ်ပါတယ်။” လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာရှိတဲ့ သစ်ကြီးတော ၊ လေးတန်း နဲ့ ပေါက်ပင်ကိုင်းရွာတွေကို မေလ ၅ ရ​က်ကနေ ၇ ရက်မနက်ပိုင်းအထိ ၅ ရက်ကြာ ဝင်ရောက်တပ်စွဲရင်း ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်ပင်ကိုင်းရွာဘုန်းကြီးကျောင်းနဲ့ နေအိမ် ၃၃ လုံး၊ သစ်ကြီးတောရွာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ We Love Myaing အဖွဲ့က ပြောပါတယ်။

“လက်ရှိစခစစ်ကြောင်းက ပခုက္ကူတပ်မ၁၀၁ထဲကို ပြန်ဆုတ်သွားပါတယ်။ တိုက်ပွဲတွေလည်း အခုလောလောဆယ် ရပ်နေပါတယ်။ လောလောဆယ် လေကြောင်းမရှိပေမယ့် သတိထားနေရဆဲပါ။” လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က ပြောပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေထဲက အောင်ပွဲရခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို Force for Federal Democracy ထုတ်ပြန်ဖော်ပြ… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ Force for Federal Democracy - FFD နဲ့ ပူးပေါင်း Drone အဖွဲ့တွေရဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေက အောင်ပွဲအချို့ရဲ့ မှတ်တမ်းပုံရိပ်တွေကို FFD က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေ AA ထုတ်ပြန်လာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာနဲ့ တပ်စခန်းတွေ ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းများ ပြန်လည်စတင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP) သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း နယ်မြေရဲစခန်းတွေနဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းတွေအပါ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်၊ ဗုံးကြဲခံရတဲ့ ပွင့်ဖြူ၊ မဲဇလီရဲစခန်းမှ စစ်ကောင်စီတပ် ယာယီစခန်းစွန့်ခွာသွားရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နယ်မြေရဲစခန်းတွေနဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Earthquake People's Defence Force က ထုတ်ပြန်ထားပါတယ်။