မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေးကာလ ဟန်ပြ ထပ်မံတိုးမြှင့်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းအပါအဝင် လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ (၈) ရက် မနေ့က မွန်းတည့်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ရှိရာ နောင်ချိုမြို့နယ်၊ သရက်ချိုရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အမတ (၉၀၂) က မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံး(၂)လုံး၊ လက်နက်ကြီးနဲ့ (၁၆)ကြိမ် တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မေလ (၈) ရက် မွန်းလွဲပိုင်းမှာပဲ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ ယာပြင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အမတ (၉၀၂) က ဒရုန်းနဲ့ ဗုံး(၂)လုံး၊ လက်နက်ကြီးနဲ့ (၂) ကြိမ် တိုက်ပွဲဖြစ်ပွားရာ ယာပြင်ကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ (၈) ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၈) လုံး၊ အဆိပ်ငွေ့ဗုံး (၅) လုံး၊ လက်နက်ကြီးနဲ့ (၃၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က တဲခေါ်ရွာကနေ အဲ့ဒီနေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး(၁) လုံးကို အုမ္မတီးကျေးရွာကို လာရောက်ကြဲချခဲ့သလို TNLA တည်ရှိရာ တောင်လှကျေးရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၁၈) ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ (၆) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မေလ (၈) ရက် မနေ့ကလည်း နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အမတ (၉၀၂) ​က လက်နက်ကြီးနဲ့ မင်္ဂလာဆောင်ပြုလုပ်ကျင်းပနေတဲ့ သရက်ချိုကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် (၅) နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ (၄) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်နှင့် ကယားပြည်နယ်ဘက် လှည့်ပတ်တာဝန်ကျနေ​သည့် ပြည်သူ့စစ် ၂ ဦး မုံရွာခရိုင် တပ်ရင်း (၁) ထံ ထွက်ပြေးခိုလှုံလာ

အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်​မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၂ယောက် တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကို ပြောပါတယ်။
Read More

သုံးရက်တာအတွင်း ပဲခူးက မြို့လေးမြို့မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၇ ယောက် သေ

ပဲခူးတိုင်း မြို့နယ် ၄ ခုက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အသိပေးထုတ်ပြန်ပါတယ်။
Read More

အဓမ္မ စစ်မှုထမ်းခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် Loikaw Local PDF ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Loikaw Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် စစ်မှုထမ်းအင်အား သုံးပြီး မြေပြန်ဒေသတွင် ရွေးကောက်ပွဲအတု နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။