အာရက္ခတပ်တော်(AA) နဲ့အတူ ရခိုင်ပြည်နယ် အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်း မြို့သိမ်းတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ အမ်းမြို့တိုက်ပွဲဝင် အောင်ပွဲရ ရဲဘော်တွေကို စစ်ကိုင်းတိုင်း ပကဖမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ခဲ့ပြီး၊ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ကြေးများပေးအပ်ကာ ရဲဘော်များမှ ဂုဏ်ပြုဦးညွှတ်အလေးပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

အမ်းတိုက်ပွဲများအတွင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှ ပကဖရဲဘော် ၃၂ ဦး ပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၂ ဦး အသက်ပေးလှူခဲ့ရကာ ရဲဘော်တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ပကဖ ကတော့ တပ်ရင်း(၁)ရင်းစာ ပါဝင်ကူညီတိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ကာ ရဲဘော် ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ (နပခ-ဒုတိုင်းမှူး) ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ယင်းမာပင်ခရိုင်ပကဖ အနေနဲ့ ရခိုင့်စစ်‌မြေပြင်မှာ ရဲဝံ့စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ ပကဖရဲဘော်တွေကို အထူးလေးစားဂုဏ်ယူကြောင်းနဲ့ ကျဆုံခဲ့တဲ့ ရဲဘော်တွေကို မော်ကွန်းမှတ်တမ်းတင်ကာ အလေးအနက် ဂုဏ်ပြုအပ်ပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကိုင်းယားရှည်ရွာမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3801 တပ်ခွဲ 5 ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ယာလုပ်ကိုင်သူများ အိပ်မောကျချိန် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲချ၊ အသက် ၃ နှစ် ကလေးငယ်အပါ ပြည်သူ ၈ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တောင်ယာလုပ်ကိုင်သူတွေစုနေတဲ့ ယာတဲအိမ်တွေကို စက်တပ်​လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော် ပိတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေ စစ်ကောင်စီ ပြန်ဖွင့်

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီက ပြန်ဖွင့်ထားကြောင်း ခရီးသွားယာဉ်မောင်းတွေဆီက သိရပါတယ်။
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။