မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။

ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မြိုင်မြို့တောင်ဘက် သစ် ကြီးတော၊ လေးတန်းအရောက် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေဟာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကာ ဘာသာရေးအဆောက်အအုံနဲ့ ဘုရားကျောင်းဆောင်တွေကို လေ ကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးတဲ့ ဒေသတစ်လျှောက် ပြည်သူထောင်ပေါင်းများစွာ စစ် ရှောင်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၇ ရက်အစောပိုင်းက အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ အ တွင်းသို့ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်သားအလောင်း ၅ လောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နယ်မြေခံတပ်ရင်းများ၊ နယ်မြေခံ ပ.က.‌ဖ များနှင့် အမှတ်(၁) စစ်ဒေသ၊ယင်းမာပင်ခရိုင်၊အမှတ်(၁၁) တပ်ရင်း၊ တပ်ခွဲ(၄) တပ်စုမှူး ရဲဘော် ကျော်ကြီး ဦးဆောင်တဲ့ တပ်စုမှ ပူး ပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေး တပ်မတော် (NPT-PDF) ၏ ပထမအကြိမ် တပ်မှူးငယ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းမှာ စစ်ကောင်စီဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်ကို ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

တနင်္သာရီမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်ရှေ့ပြေးကာကင်းအဖွဲ့အား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ၂ ပွင့် ဗိုလ်ကြီးအပါ ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ဘက်နေ သိန်ခွန်းရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းရဲ့ ရှေ့ပြေးကာကင်း ခြေလျင်အဖွဲ့ကို မတ်လ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖထံက သိရပါတယ်။
Read More

ဘားအံတွင် ဆေးကြောင်နေသည့် လူငယ် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ခုန်ချ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း ရဲ​ဘော်တွေရဲ့ မြို့ပြစစ်ဆင်​ရေးပုံစံ စစ်​ရေး​လေ့ကျင့်မှု (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း ရဲဘော်တွေရဲ့ မြို့ပြစစ်ဆင်ရေးပုံစံ စစ်ရေးလေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို PDF Dawei District Battalion 2 - P23302 က ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရှင်မကန်ပျူစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။