မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၈ ရက် မနေ့က မနက်ပိုင်းမှာ မတ္တရာမြို့နယ်အရှေ့ဖက်ခြမ်းက ဘိုကုန်း၊ ကျောက်တံတားနဲ့ ရှမ်းရွာ စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်း ၃ နေရာ ခွဲဝင်ရောက်ရင်း ပြည်သူကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီက ဘိုကုန်းရွာအနီးတစ်ဝိုက်ကို Y12 လေယာဥ်နဲ့ ဗုံးသီး ၁၄ လုံး စတင်ကြဲချတိုက်ခိုက်ခဲ့ပြီး ကျောက်တံတားအနီးတစ်ဝိုက်ကိုပါ ဗုံးသီး ၈ လုံးကြဲချခဲ့တဲ့အပြင် ၇၀ ကုန်းအနီးတစ်ဝိုက်ကိုလည်း ဗုံးသီး ၇ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးသီး ၅ လုံး ထပ်မံကြဲချခဲ့တယ်လို့ သိရပါတယ်။

“မတ္တရာအရှေ့ခြမ်းကတော့ MDY-PDF နဲ့ ဖြစ်နေတယ်။ စကစက အထိနာတော့ လေယာဥ်နဲ့ရော လက်နက်ကြီးပစ်ခတ်မှုတွေရော နေ့တိုင်းရှိနေတယ်” လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်စခန်းအချို့ကို ရှမ်းမန်းစစ်ရေးအတွင်း MDY-PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိထားတာကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီနှင့် မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်း၊ တို့အပါအဝင် အနုပညာရှင်အချို့ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ USDP ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ခင်ရီနဲ့ ပါတီ အမှုဆောင်တွေဟာ မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်းတို့ အပါအဝင် အဆိုတော်၊ ဟာသသရုပ်ဆောင်အချို့တို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ USDP က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

လှော်ကားလမ်းဆုံက အကြမ်းဖက်စစ်တပ် ၁၀၆ ခြေမြန်တပ်ရင်း ဂိတ်ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့် - လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။
Read More

Simple Blogတောင်ခမ်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက်

ရှမ်းမြောက်ဒေသ၊ နောင်ချိုက တောင်ခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။