တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ရာ တပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရပြီး တပ်ကြပ် ၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၉ ယောက် ရှိတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။

မေလ ၈ ရက် မနေ့က မွန်းလွဲပိုင်းမှာ ဘုတ်ပြင်းမြို့ဘက်ကနေ VIGO ကား(၅)စီး၊ ကျောက်ကား(၂)စီးနဲ့ အင်အား (၁၀၀)ခန့်ပါတဲ့ စစ်ကောင်စီယာဥ်တန်းကို ဘိုဒါးကျေးရွာနဲ့ ဝါးချောင်းကျေးရွာအကြား ကျောက်ဖြူတောင်ရေချိုချောင်းအနီးမှာ အဝေးထိန်းမိုင်းတွေနဲ့ အသင့်စောင့်ဆိုင်း မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၉ ရက် ဒီနေ့မှာ အမာခံသတင်းပေးတွေနဲ့ ဘုတ်ပြင်းတပ်ဆေးရုံက အတွင်းသတင်းပေးတွေရဲ့ သတင်းပေးပို့ချက်အရ ဘုတ်ပြင်း (၃၅၈)တပ်ရင်းက တပ်ရင်းမှူး မျက်လုံးထွက်ဒဏ်ရာ(စိုးရိမ်ရ)ရပြီး အမြောက်တပ်က တပ်ကြပ် (၁) ယောက် သေဆုံးကာ ဒဏ်ရာရလူနာ (၁၉) ယောက် စုစုပေါင်း ထိခိုက်သေဆုံး (၂၁) ယောက်ခန့် ရှိတယ်လို့ KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ ၊ ကော့သောင်းခရိုင် PDF အမှတ် ၁ တပ်ရင်း တပ်ခွဲ(၂) ၊ Flying Star Force၊ ဘုတ်ပြင်းမြို့နယ် ပကဖ၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ပူပေါင်းအဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ VIGO ကားတစ်စီး သိမ်းဆည်ရမိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင်ပကဖထံမှ သေနတ်ယူထွက်ပြေးသည့် အချုပ်သားများအနက် ၈ ဦးကို Zero ပြောက်ကျားတပ်ဖွဲ့ ပြန်လည်ဖမ်းဆီးအပ်နှံထား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖထံကနေ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေထဲက ၈ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)၊ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။ အောက်တိုဘာလ ၁၆ရက် မနေ့က မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ အချုပ်သား အယောက် ၃၀ နီးပါး သေနတ်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြခဲ့ပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း တိမ်းရှောင်သူတွေကို တရားရုံးနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု ချိတ်ပိတ်တာတွေအထိ လုပ်ဆောင်လာနေ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲနှင့် အချိန်ကိုက် “ဝ”တပ်ရဲ့ လက်နက်ပိတ်ဆို့မှု 

စစ်ကော်မရှင်က တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အပူတပြင်းလုပ်ဆောင်နေတဲ့ အချိန်မှာ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ကနေ လက်နက်ထောက်ပံ့မှုတွေ အားလုံးကို ရပ်ဆိုင်းမယ်ဆိုတဲ့ ကြေညာချက်က အချိန်ကိုက် ထွက်ပေါ်လာပါတယ်။