ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစခန်း ၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အင်အား ရာချီရှိတဲ့ အကြမ်းဖက်စစ်ကြောင်းများကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တွေဟာ PDFတပ်ရင်းတွေ၊ ERO ၊ အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဧပြီလ (၂၅) ရက်ကနေ မေလ (၁)ရက်အထိ တစ်ပတ်တာ ကာလအတွင်း အဆိုပါစစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ (၂၅) ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အင်အား (၅၀) ပါ တပ်မ (၃၃) စစ်တပ်စစ်ကြောင်းကို စစ်ကိုင်းမြို့နယ်ပကဖ၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၁၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၂ နဲ့မဟာမိတ်တပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က (၂၅) ယောက်ထက်မနည်း သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ထွက်ပြေးရာ လက်နက် (၂၀)ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ (၂၆)ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါ၊ နောင်ကုန်းတံတားစတဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုကို ရန်ကုန်(ပကဖ)တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် -၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ-၂၄၊ ဗျူဟာ-၂၅၊ အမှတ် ၇၈၀၃ တပ်ရင်း (အာဠာဝကစစ်ကြောင်း)၊ အမှတ် ၃၅၀၃ တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ဧရာဝတီအမှတ် ၃ တပ်ရင်း၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၈၊ တပ်ရင်း ၉ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး လက်နက်ငယ်မျိုးစုံ (၃၀) ကျော် ၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့တယ်လို့ ပကဖ အသံက ဆိုပါတယ်။

ဧပြီ (၂၆) ရက် ညနေပိုင်းမှာလည်း တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာ အနီးရှိ စစ်ကောင်စီစခန်းကို ရေဖြူ မြို့နယ်ပကဖနဲ့ KNLA တပ်မဟာ (၄) တပ်ရင်း(၁၂)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဓတယ်အမျိုးသားလွတ်မြောက်ရေးတပ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်သား (၅) ယောက် သေဆုံးခဲ့ပြီး စစ်သား (၁၆) ယောက် အလံဖြူထောင် လက်နက်ချခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ (၂၇) ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာရွာဘက် အင်အား (၂၀၀) ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကလေးခရိုင်ပကဖ၊ ဂန့်ဂေါ်ခရိုင်ပကဖနဲ့ CNA၊ CDF – KKG၊ CDF Vakok၊ MCR ၊ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁ စစ်ဒေသတပ်ရင်း၊ တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား (၂၇) ယောက် သေဆုံးပြီး Mi 35 ရဟတ်ယာဉ်တစ်စီး ထိမှန် ပျက်စီးခဲ့ကာ တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းချိန် စစ်သားအလောင်း (၇) လောင်း၊ လက်နက်ငယ် (၁၁) လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ (၂၇) ရက်နဲ့ (၂၈) ရက်မှာလည်း မန္တလေးတိုင်း၊ ငါ့သရောက်မြို့နယ်ရဲစခန်းကနေ ညောင်ဦး၊ မြင်းခြံ ၊‌ တောင်သာဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်သား ၊ ရဲ နဲ့ ပျူစောထီးအင်အား ၁၂၀ ခန့်ပါစစ်ကြောင်းကို ညောင်ဦးခရိုင် ပကဖ၊တောင်သာမြို့နယ်ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း၃ ၊ ညောင်ဦးခရိုင်တပ်ရင်း ၄ နဲ့ မဟာမိတ်တပ်တွေက ၂ ရက်ဆက် တိုက်ခိုက်ရာမှာ ရဲတပ်ကြပ် ၁ ယောက် အပါအဝင် ၅ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းမိကာ ထိခိုက်ဒဏ်ရာရသူ ၄၃ ယောက် ရှိတဲ့အထဲ အရာခံဗိုလ် ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဆီက M.22 ၂ လက် ၊ Equipment- ၁ခု ၊ လက်ပစ်ဗုံး- ၃လုံး၊ စ‌ကားပြောစက် ၄ လုံး ၊ 7.62ကျည် ၈၀ တောင့်နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ (၂၈)ရက်ကလည်း ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ က ထွက်လာတဲ့ စစ်‌ ကောင်စီတပ် စစ်ကြောင်းနဲ့ သပြေညွန့်စခန်းက ထွက်လာတဲ့ စစ်ကြောင်းတို့ကို တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်အရေးအဖွဲ့ (ပကဖ)၊တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ ၃၅၀၂ တပ်ရင်း တပ်ခွဲ ၃၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၂ ၊ တပ် ရင်း ၃၅၀၂ ၊ KNU တပ်မဟာ၂ တပ်ရင်း ၆ နဲ့ ယောနသံဒရုန်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၁) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ (၂၉) ရက် မနက်ပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းက အင်အား ၁၅၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို ရေစကြိုမြို့နယ် ပကဖ နဲ့ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား (၃) ယောက် သေဆုံးကာ (၁၀) ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မေ (၁) ရက် မနက်အစောပိုင်းမှာလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဒမငယ်ရဲကင်းစခန်းကို နတ်တလင်းမြို့နယ် ပကဖ နဲ့ သာယာဝတီခရိုင်၊ အ မှတ် (၁) တပ်ရင်း(P23801) တပ်ခွဲ(၂)၊ တပ်ခွဲ (၆) တို့ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးကာ ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် G3တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် သုံးလက်၊ ၆၀ မမ စိန်ပြောင်း တစ်လက်၊ ဗုံးသီးနဲ့ ကျည်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

လူငယ်တွေမရှိရင် မြန်မာပြည်အတွက် အနာဂတ်မရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။ 
Read More

လိင်ငရဲခန်းမှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားတစ်ဦး

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြသလို ကျောင်းသားကျောင်းသူတွေလည်း အစိုးရကျောင်းတွေမှာ ဆက်မတက်ဘဲ CDM လုပ်ကြပါတယ်။
Read More

အရည်အသွေးနိမ့် မြန်မာရုပ်ရှင်တွေရဲ့ နောက်ကွယ်မှာ ပြည်သူတွေကို တော်လှန်ရေးကနေ အာရုံလွှဲဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

စစ်ကောင်စီဟာ သူတို့ကို ထောက်ခံတဲ့ အနုပညာရှင်တွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့နေပြီး ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ သွေးခွဲဖို့ လုပ်ဆောင်မှုတွေ ရှိနေကြောင်း တော်လှန်အနုပညာရှင်တွေက ပြောပါတယ်။
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။