ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပိုင်ကျုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၄ အခြေချတပ်စွဲထားတဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို မေလ (၉) ရက် ဒီနေ့ မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ခိုက်မှုကို KNU ရဲ့ ဖားအံခရိုင်၊ တပ်မဟာ (၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိတဲ့ ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

တောင်ကုတ်မြို့ပေါ်အထိ AA သိမ်းပိုက်ထိန်းချုပ်ရောက်ရှိလာ ၊ လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားရက်တွေကို တဆက်တည်းပိတ်ပေးမယ်လို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ စည်းရုံး

စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားက ရက်တွေကိုပါ ဆက်တိုက်ပိတ်ပေးမယ်ဆိုပြီး Non-CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးနေမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

နတ်မောက်တွင် ပျူစောထီးများ စီးလာသည့်ကား စောင့်ကြိုတိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ခင်မောင်ဌေးနဲ့ အပေါင်းအပါတွေ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက် ရှိခဲ့တယ်လို့ Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်လှေခါးရွာ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ရေစကြိုတပ်ပေါင်းစု ဒရုန်းဖြင့် တိုက်ခိုက် 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ကျောက်လှေခါး‌ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုညီက မောင်းကို ပြောပါတယ်။
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "
Read More

အကြမ်းဖက်စစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံသည့်တိုင် ဘောမိကျေးရွာမှ ထိခိုက်သေဆုံးများစွာနှင့် ဆုတ်ခွါထွက်ပြေးခဲ့ရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာရှိပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဘောမိကျေးရွာမှာ အာရက္ခတပ်တော် AA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။