အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ဟန်ပြအပစ်ရပ်ကြေညာထားပေမယ့် မြေပြင်မှာ လေကြောင်းနဲ့ရော ခြေလျင်စစ်ကြောင်းတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ မေလ (၇)ရက် မနေ့က မနက်ပိုင်းမှာ တအာင်းတပ်မတော် TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မေလ(၇)ရက် နေ့လယ်ပိုင်းမှာလည်း TNLA ရှိရာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ယာပြင်ကျေးရွာအနီး ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် ဖော့တော့ကျေးရွာအနီးရှိ ဂိတ်မှာလည်း မေလ (၇)ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ (၁၃) တပ်စခန်းကိုလည်း Y-8 လေယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ပါဝင်တဲ့ အထုပ် (၈၅)ထုပ် လာရောက်ပစ်ချပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ (၅)ရက်နဲ့ (၆)ရက်မှာလည်း TNLA တပ်စခန်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို တစ်လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ ရက်မှာ ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် TNLA အုပ်ချုပ်တဲ့ နယ်မြေတွေမှာ ထိုးစစ်ဆင်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

နှောညောင်ပင်ရွာ စစ်တပ်အထိုင်စခန်းကို ပကဖများ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ တပ်ကြပ်အပါ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းနှင့် သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

မြင်းမူမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှာ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာမှာ ၅/အရတ အရာတော်လူထုသပိတ် နဲ့ မြင်းမူမြို့နယ် သပိတ်အင်အားစု တို့ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

SNLD ၃၆ နှစ်ပြည့်အတွက် NUG နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာပေးပို့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၃၆ နှစ်မြောက် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုတောင်းမေတ္တာ ပို့သတဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း-မြစ်ငယ်ကားလမ်းတွင် စားသောက်ဆိုင်ကို ဆီဘောက်ဆာကား ဝင်တိုက်၊ မီးလောင်မှုဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ဆီဘောက်ဆာကားတစ်စီး ဝင်တိုက်မိတာကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။