မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) – ABSDF နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ အွန်လိုင်းကနေ ဆွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မေလ ၇ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ကျောင်းသားတပ်မတော်က ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ BLDF က ဗဟိုကော်မတီတွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တွေ့ဆုံပွဲမှာ ၂၀၂၅ခုနှစ် နိုင်ငံရေး၊ စစ်ရေး ဖြစ်ထွန်းတဲ့ အခြေအနေတွေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးသုံးသပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ABSDF နဲ့ BLDF တို့အကြား စစ်အာဏာရှင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ လူထုစည်းရုံ‌ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားဖို့၊ နည်းလမ်းတွေ ရှာဖွေဖော်ထုတ်ဖို့နဲ့ ပုံမှန်ထိတွေ့ဆက်ဆံသွားဖို့ သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

မင်းတပ်မြို့နယ်တွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၄၀) ဦး သေဆုံးခဲ့ပြီး (၁၂၀) ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် (၄၀) သေဆုံးခဲ့ပြီး အယောက် (၁၂၀) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းနဲ့အတူ စစ်အာဏာသိမ်းမှုအတွင်း နိုင်ငံသားတွေရဲ့ စွန်လွှတ်အနစ်နာခံမှုကို အမှတ်ရနေမယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း ထုတ်ပြန်ပြောဆို

အမေရိကန်၊ ဗြိတိန်နဲ့ အိန္ဒိယအပါအဝင် နိုင်ငံတကာက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်လိုက်ပြီး စစ်အာဏာသိမ်းမှုအတွင်း မြန်မာပြည်သူပြည်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအပေါ် အမှတ်ရနေမှာဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အင်းတော်တွင် စစ်ကော်မရှင်တပ် ချန်ခဲ့သည့် ဗုံးသီးပေါက်ကွဲပြီး ဒေသခံ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီး ပေါက်ကွဲပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။