စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်များကြောင့် မြန်မာနိုင်ငံသား ၃၀၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က မေလ ၈ ရက်မှာပြောပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) တို့က ထိုင်းနယ်စပ်ကနေ ၂.၅ ကီလိုမီတာအကွာ ကရင်ပြည်နယ်အတွင်းက စစ်စခန်းတခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်ရဲ့အဆိုကို ကိုးကားပြီး AFP က သတင်းဖော်ပြထားတာပါ။

“တိုက်ခိုက်မှုအတွင်း အခြေစိုက်စခန်းကို အနီးကပ်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေကို တနေ့တာလုံး အဆက်မပြတ် ပစ်ချဖို့အတွက် ဒရုန်းယာဉ်တွေ အသုံးပြုခဲ့တယ်” လို့ ဆိုထားတာပါ။

ကြာသပတေးနေ့အထိ မြန်မာနိုင်ငံသား ၃၂၇ ဦး ထိုင်းနိုင်ငံအတွင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်းစစ်တပ်နဲ့ ရဲတွေက ယာယီနေရာ နှစ်ခုမှာ ခိုလှုံခွင့်ပေးထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ထိုင်းနိုင်ငံ ဖေါ့ဖရာခရိုင်မှ ကရင်ပြည်နယ် ကျောက်ခက်မြို့မြင်ကွင်းကို မြင်တွေ့ရစဉ် (ဓာတ်ပုံ AFP)

မြန်မာဘက်က ကျူးကျော်လာနိုင်တာတွေကို တားဆီးဖို့ ထိုင်းစစ်တပ်က တာ့ခ်ခရိုင်နယ်စပ်တလျှောက် ကင်းလှည့်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းကလည်း မြန်မာလေတပ် ဗုံးကြဲလေယာဉ်နှစ်စင်း ထိုင်း-မြန်မာနယ်စပ်၊ ထားဝယ်ဒေသ၊ ထီးခီးရွာအနီး ပျံသန်းခဲ့တာကို ထိုင်းဘက်ခြမ်း ဒေသခံတွေ ထိတ်လန့်တကြား မြင်တွေ့ခဲ့ရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကတော့ မြန်မာတိုက်လေယာဉ်ဟာ ထိုင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မြန်မာတိုက်လေယာဉ်ပျံသန်းမှုဟာ လေကြောင်းစစ်ဆင်ရေးအတွင်း ဖြစ်ပွားနိုင်တဲ့ အသေးအမွှားကိစ္စသာဖြစ်ကြောင်း၊ ထိုင်းလေတပ်က မြန်မာအာဏာပိုင်တွေကို အကြောင်းကြားပြီးနောက်မှာ အဆိုပါလေယာဉ် ပြန်ဆုတ်သွားခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

ကိုးကား – Hundreds flee across Thai border after attack on Myanmar military, Myanmar jet near border not a breach 

0 Shares:
You May Also Like
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 
Read More

တောင်ကိုရီးယားက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

နောက်ရွေးကောက်ပွဲများလည်း လေ့လာစောင့်ကြည့်ဦးမည်ဟု ထိုင်း ‌ပြော 

ထိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Read More

ဒေသတွင်း နျူကလီးယားကင်းစင်ရေး တရုတ် လက်မှတ်ထိုးမည်ဟု မလေးရှားပြော

အရှေ့တောင်အာရှ ဒေသတွင်းမှာ နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်ကို စာရွက်စာတမ်းအားလုံး အသင့်ဖြစ်တာနဲ့ တရုတ်ဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။