ပဲခူး – ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

မေလ ၈ ရက်​ ဒီနေ့မှာ ပဲခူး-ရန်ကုန်လမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် Lightning က ​တော်လှန်​ရေးတာဝန်တွေ ထမ်း​ဆောင်ရင်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆေးမှူး ရဲဘော် Lightning ဟာ ၂၀၂၁ ခုနှစ် ၄လပိုင်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ တောထဲရောက်လာခဲ့သူပါ။ ရဲဘော်တစ်ယောက်အနေနဲ့ အခြေခံ ဆေးကုသရေး ပညာကို သင်ယူရင်း တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရင်းကနေ ဆေးမှူးတစ်ယောက် ဖြစ်လာခဲ့တယ်လို့ မောင်းသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံစဉ်က ပြောပြခဲ့ပါတယ်။

Southern Eagle PDF အနေနဲ့ စခန်းသိမ်း၊ မြို့သိမ်း အောင်မြင်မှုတွေ ရရှိရေးအတွက် လိုအပ်ချက်များစွာ ရှိနေပြီး ခဲယမ်းတွေအပြင် ထိခိုက်ဒဏ်ရာရရှိတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကုသရေးဆိုင်ရာဆေးဝါးတွေပါ လိုအပ်နေတယ်လို့ သိရပါတယ်။

ရဲဘော် Lightning ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ CDM ဆရာဝန်တွေ ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ဖူးပါတယ်။

“တော်လှန်ရေးတပ်ထဲမှာ ဆရာဝန်တွေ လိုပါတယ်။ ဆရာဝန်တစ်ယောက်လောက် ရှိနေခဲ့ရင် ရဲဘော်တွေအတွက် အများကြီး အထောက်အကူ ပြုတယ်။ အဓိကက CDM ဆရာဝန်တွေ.. ငါကတော့ CDM လုပ်ထားတာပဲ ဆိုပြီးတော့ သက်သက်စီ မနေပါနဲ့.. သက်ဆိုင်ရာ မြေပြင်တာဝန်တွေကို သွားရောက်ထမ်းဆောင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆေးမှူး ရဲဘော် Lightning က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် မီးလောင်ထားသည့် နေအိမ်ကို သန့်ရှင်းရေးပြန်လုပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲခံရကာ ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ သင်တောရွာက ပြည်သူ ၄ယောက် သူတို့ရဲ့ မီးလောင်ထားတဲ့ နေအိမ်တွေကို သန့်ရှင်းရေး ပြန်လုပ်နေချိန် ပျူစောထီးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီ ဗျူဟာ(၂၉) ၏ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီ တိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)၊ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် ရော့ကတ်ပစ်ခံရကာ အထိနာပြီးနောက် စစ်ရှောင်တဲများကို စစ်တပ် မီးရှို့ကာ လက်နက်ကြီးများ ရမ်းပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ထံက သိရပါတယ်။
Read More

မန္တလေးက အခြေအနေဆိုးရွားတဲ့ နေရာများတွင် တရုတ်နှင့် အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များ စတင်နေ

မြန်မာပြည်ကို ရောက်ရှိလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးက စစ်အုပ်စု၏ လပခ ကို ရှော့တိုက်ဒုံးတွေနဲ့ BWM အဖွဲ့ ပစ်ခတ်တိုက်ခိုက်…

“ပစ်လိုက်တဲ့ ၂ လုံးစလုံးက လပခအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုကတော့ အသင့်တင့်ရှိနိုင်ပါတယ်၊ မင်းအောင်လှိုင်ကိုတော့ အချိန်မှီ ခြိမ်းခြောက်နိုင်ခဲ့တာပေါ့” လို့ BWM အဖွဲ့က တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းတုန်းမှာ သန်းခေါင်စာရင်းကောက်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ပေးတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲခံရပြီး ၈ ယောက်သေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။