မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်မှာရှိတဲ့ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေလ ၆ ရက်၊ နံနက်ပိုင်းအစောပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်စီမံကွပ်ကဲ‌ရေးတပ်မှ အရာရှိ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀)ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စခန်းကို တိုက်ခိုက်ချိန် ၂ နာရီခွဲနီးပါးကြာမြင့်ခဲ့ပြီး၊ တိုက်ပွဲချိန်အတွင်း စစ်ကောင်စီလေတပ်မှ လေယာဉ်တစ်စီး၊ စစ်ရဟတ်ယာဉ်တစ်စီးနဲ့ (၇)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ပေါ်မှ စစ်သေနတ်များနဲ့ အပြင်းအထန်ပစ်ခတ်ခြင်း၊ ရေတပ်စစ်သင်္ဘောပေါ်မှ လက်နက်ကြီးလက်နက်ငယ်များနဲ့ အကြိမ်ရေ‌များစွာ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ စစ်ကောင်စီတပ်ဟာ အဆိုပါရှေ့တန်းစခန်းကို စွန့်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို တနင်္သာရီမြို့နယ် (ပကဖ)၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ ကျွန်းစု(ပကဖ)၊ တိုင်းပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေမှု မှတ်တမ်း (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Inle People Defense Force-IPDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့ စွယ်တော်နန်း တည်းခိုခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်း တည်ခိုးခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမြို့မှ တင့်ကား ၃ စီးဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army - PDA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်ကြောင့် ချုပ်ငြိမ်းခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CRPH အဖွဲ့ဝင်များ ပြောကြား (ရုပ်/သံ)

(၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျူကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ပျူစောထီး ၂ ဦး သေပြီး ၆ ဦး ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။