အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ဟန်ပြအပစ်ရပ်ကြေညာထားပေမယ့် မြေပြင်မှာ လေကြောင်းနဲ့ရော ခြေလျင်စစ်ကြောင်းတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ မေလ (၇)ရက် မနေ့က မနက်ပိုင်းမှာ တအာင်းတပ်မတော် TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မေလ(၇)ရက် နေ့လယ်ပိုင်းမှာလည်း TNLA ရှိရာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ယာပြင်ကျေးရွာအနီး ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် ဖော့တော့ကျေးရွာအနီးရှိ ဂိတ်မှာလည်း မေလ (၇)ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ (၁၃) တပ်စခန်းကိုလည်း Y-8 လေယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ပါဝင်တဲ့ အထုပ် (၈၅)ထုပ် လာရောက်ပစ်ချပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ (၅)ရက်နဲ့ (၆)ရက်မှာလည်း TNLA တပ်စခန်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို တစ်လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ ရက်မှာ ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် TNLA အုပ်ချုပ်တဲ့ နယ်မြေတွေမှာ ထိုးစစ်ဆင်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေထံ အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေ ပေးအပ်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်တဲ့ဘက်က အမြန်ဆုံး ထောက်ပံ့ကူညီပေးအပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်တွင် ဧည့်စာရင်းလိုက်စစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဖောက်ခွဲ ခြိမ်းခြောက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံမှာ ဧည့်စာရင်းလိုက်စစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ​မိုင်းဖောက်ခွဲပြီး ခြိမ်းခြောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေ့ကေကော်မြို့သစ်အနီးက စွယ်တော်ကုန်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တိုက်ဂိုထောင် မီးလောင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေ့ကေကော်မြို့သစ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမြှောက်ကုန်း ခေါ် စွယ်တော်ကုန်းမှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခဲယမ်းဂိုထောင်မီးလောင်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်ကင်းပုန်းကို MBT ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် အရပ်သား အယောက် ၅၀ သေဆုံး

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ အယောက် ၅၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။