ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေရဲ့ မင်္ဂလာပွဲအခမ်းအနားကို မေ ၇ ရက် မနေ့က KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

လိုင်ဇာမြို့ရှိ ဂေါ်နင်ဂျား ပြန်လည်ထူထောင်ရေးစခန်းမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ KIA ရဲဘော် ၃ ယောက်နဲ့ ဒေသခံ ကချင်အမျိုးသမီး ၃ ယောက်တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဦးဆောင်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ KIA ရဲဘော် (၆) ယောက်ကို စုပေါင်းမင်္ဂလာဆောင်ပွဲ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ The Kachin Net)

0 Shares:
You May Also Like
Read More

ရန်ကုန်က မရမ်းကုန်းမြို့နယ်မှာ လျှပ်စစ်မီတာဘောက်ကတဆင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းမှာ လျှပ်စစ်မီတာဘောက်ကတစ်ဆင့် Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

PDF Zoland အခြေခံစစ်သင်တန်း အပတ်စဥ် (၁၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ရှိ ဇိုမီးတော်လှန်ရေးတပ်ဖွဲဖြစ်တဲ့ PDF Zoland ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ  ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

သေဆုံးသူ မြင့်ဆွေအတွက် ကျန်ရစ်တဲ့ စစ်အုပ်စု ဝမ်းနည်းခြင်းကာလ သတ်မှတ်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေ ဒီနေ့မနက်ပိုင်းမှာ သေဆုံးပြီးနောက် ဩဂုတ်လ ၇ ရက်ကနေ ၉ ရက်အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြေညာကြောင်း ကာလုံက ထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့အခမ်းအနား (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြီး ကယန်းဒေသ တစ်နေရာမှာ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့ကို  အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ KNA က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ်မှာ လူထုဗဟိုပြု ဒေသန္တရအုပ်ချုပ်ရေးကို ခြေလှမ်းမှန်စွာ ဖော်ဆောင်နိုင်ခဲ့ဟု ဆို

ကရင်နီပြည်မှာ လူထုဗဟိုပြုမြို့နယ်အုပ်ချုပ်ရေး လို့ခေါ်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေကို တစ်ဆင့်ချင်းစီ ခြေလှမ်းမှန်မှန်နဲ့ အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့တယ်လို့  ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားလိုက်ပါတယ်။