ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာမှာ ဒေသခံအမျိုးသား ၁ ယောက် စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိပြီး ညာခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မေလ ၇ ရက် မနေ့က နေ့လယ်ပိုင်းမှာ အသက်(၃၂)နှစ်အရွယ် ဒေသခံအမျိုးသားဟာ စစ်ကောင်စီရဲ့ ခလရ (၂၃) တပ်စခန်းဟောင်း ခြံစည်းရိုးဘေး ထင်းသွားခွေရာ အရင်က စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းတစ်လုံး နင်းမိခဲ့တယ်လို့ ဆိုပါတယ်။

နင်းမိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် TNLA မြို့နယ်ရဲတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရ အမျိုးသားကို ကုသဖို့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

သီပေါမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကလည်း တုံစင်ကျေးရွာမှာ အသက် (၅၀)နှစ်အရွယ် အမျိုးသားတစ်ယောက်က ခလရ(၂၃) တပ်စခန်းဟောင်းအတွင်း ငှက်သွားပစ်ရာက မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အစိုးရပီသတဲ့ အဖွဲ့အစည်းအောက်မှာ သဘာဝဘေးနဲ့ကြုံရရင် အခုလောက် အခြေအနေမဆိုးနိုင်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အစိုးရပီသတဲ့ အဖွဲ့အစည်းတွေအောက်မှာသာ အခုလို သဘာဝဘေးကို ကြုံတွေ့ရရင် အခုလောက်တိုင်းပြည်ဟာ အခြေအနေမဆိုးရွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း - People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ပက်လက်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက်သေပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိ…

ချင်းပြယ်နယ်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိထားတယ်လို့ Laung She Regional People's Defence Force က သတင်းထုတ်ပြန်လာပါတယ်။